မော်ဒယ်ပိုင်တံခွန် နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ အလုပ်ကြမ်းနှင့် ထောင် ၃နှစ်ချခံရ

မော်ဒယ်ပိုင်တံခွန် နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ အလုပ်ကြမ်းနှင့် ထောင် ၃နှစ်ချခံရ

ဒီဇင်ဘာ ၂၇

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင် ၃နှစ်ချမှတ်လိုက်သည်။

ထောင်တွင်းအထူးတရားရုံးက ဒီဇင်ဘာ ၂၇ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

၎င်းတို့ နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

ပရဟိတသမား၊ စာရေးဆရာအဖြစ် လူသိများပြီး NLD အစိုးရလက်ထက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဖြစ်ခဲ့သူ ဒေါ်သန်းမြင့်အောင်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက်က ဖမ်းဆီးခဲ့ပြီး မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကို ဧပြီလတွင် ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required