ထားဝယ်မြို့လယ်ခေါင်၌ ဗုံးပေါက်

ထားဝယ်မြို့လယ်ခေါင်၌ ဗုံးပေါက်

ဒီဇင်ဘာလ ၂၆ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့လယ်ခေါင် လမ်းဆုံကြီးတွင် ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နေ့လယ် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ လမ်းဆုံကြီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချိတ်ဆွဲထားသော "သွေးကြွေး ဆပ်မယ်" ဆိုသည့် စာသားပါ ဆိုင်းဘုတ်ကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ဖြုတ်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း မြို့ခံတချို့က သုံးသပ်ထားသော်လည်း သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လမ်းဆုံကြီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား အများအပြား ရောက်ရှိလာပြီး လမ်းသွား လမ်းလာ ပြည်သူများကိ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required