ကလေးမြို့နယ်တွင် စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများကို မြှုပ်နှံသင်္ဂြိုဟ်

26 December 2021
ကလေးမြို့နယ်တွင် စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများကို မြှုပ်နှံသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ချောင်းခွကျေးရွာ၊ နတ်မြောင်းကျေးရွာနှင့် နတ်ချောင်းကျေးရွာအတွင်း ဒီဇင်ဘာလ ၂၃ ရက်တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်း အသုံးပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားသူ လေးဦး၏ ရုပ်အလောင်းများကို CNDF (ကလေး တပ်မဟာ) ကကောက်ယူ မြှုပ်နှံသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

အပြစ်မဲ့ပြည်သူများ၏ ရုပ်အလောင်းများဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် CNDF က သွားရောက်ကောက်ယူပြီး ကောင်းမွန်စွာ မြှုပ်နှံသင်္ဂြိုဟ်ပေးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF)က ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် နတ်ချောင်းကျေးရွာ အထက(၁) ကျောင်းတွင် တပ်စွဲထားသည့်အတွက် မိဘပြည်သူများအနေဖြင့် အသက်အန္တရာယ် ထပ်မံ ထိခိုက်ဆုံးရှုံးမှု မရှိစေရန်အတွက် ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNDFမှ ထုတ်ပြန် ကြေညာထားသည်။

video - ရုပ်အလောင်းများကိုလိုက်လံကောက်ယူနေသည့်CNDF (ကလေးတပ်မဟာ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly