ထားဝယ်တွင် စစ်ဘေးရှောင် ဦးရေ ၃၀၀ ကျော် အကူအညီ လိုအပ်နေ

ထားဝယ်တွင် စစ်ဘေးရှောင် ဦးရေ ၃၀၀ ကျော် အကူအညီ လိုအပ်နေ

ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်​​ကောင်စီက PDF စခန်း တစ်ခုကို ဝင်ရောက် စီးနင်းပြီးနောက် အနီးရှိ ရွာနှစ်ရွာက ဒေသခံ ဦးရေ ၃၀၀နီးပါး ဘေးလွတ်ရာ ပြောင်းရွှေ့နေရ၍ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

​မောင်မယ်​​ရှောင်ရွာနှင့် ခေါင်တိုင်​​ပြင်ရွာ အနီး ​ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်က စစ်ကောင်စီနှင့် PDF တို့ ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"အခု စစ်ဘေးရှောင်သူတွေထဲမှာ ကလေးငယ်တွေ၊ အသက်ကြီးရွယ်အိုတွေလည်း ပါဝင်နေတယ် ။ လတ်တလော မှာတော့ အနွေးထည်တွေနဲ့ စားနပ် ရိက္ခာတွေ လိုအပ်နေတယ် "ဟု ကူညီပေးနေသူများက ဆိုသည်။

လက်ရှိတွင် ခေါင်တိုင်ပြင်ရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီက တပ်စွဲထားသည့် အင်အား မည်မျှရှိသည်ကို မသိရသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly