ပုလဲ-ဂန့်ဂေါလမ်းတွင် စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ

ပုလဲ-ဂန့်ဂေါလမ်းတွင် စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ

ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါ လမ်း၊ ၅၅ မိုင် အနောက်ဖက် တောင်ပေါ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ် အင်အား ၉၀ ခန့်အား ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

ရှေ့ထွက်မိုင်း သုံးလုံး အသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ခုနှစ်ဦးခန့် သေဆုံးခဲ့ကြောင်း Pale People Defence Force - Headquarters အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ဒီကောင်တွေက ဝမ်းဘဲချိုင့်ရွာနားကနေ လာတာ အင်အားတွေ ခွဲခွဲပြီးတော့၊ ၅၅ မိုင်ရွာ အနောက်တောင်ပေါ် ရောက်တော့ မိုင်းဆွဲလိုက်တာ ခုနှစ်ယောက်လောက်တော့ သေမယ်၊ ဒီကောင်တွေက ပြီးသွားတော့ ၅၅ မိုင် ရွာထဲဝင်ပြီး အိမ်သုံးလုံးကို မီးဝင်ရှို့သွားသေးတယ်" ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ၅၅ မိုင်ရွာအတွင်းသို့ ဝင်ရောက်ကာ အိမ်သုံးလုံးကို မီးရှို့သွားခဲ့သည်ဟု ၎င်းကဆိုပြီး မီးရှို့ခံရမှု အသေးစိတ်ကိုမူ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ 

ယခု မိုင်းဆွဲတိုက်ခိုက်မှုကို People Defence Force - Headquarters ပုံတောင်တိုက်ဂါး အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခြေလျင်တပ် အင်အား ၁၀၀ ခန့်ကို ပြင်းပင်ကွေ့နှင့် လယ်ဓမ္မရွာကြားအရောက် ပုံတောင်တိုက်ဂါး အဖွဲ့ခွဲ (၃) က ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required