ထိုင်းနယ်စပ် ယာယီစစ်ရှောင် စခန်း၌ မြန်မာစစ်ဘေးရှောင် ကိုယ်ဝန်ဆောင် ၁ဦး မီးဖွား

ထိုင်းနယ်စပ် ယာယီစစ်ရှောင် စခန်း၌ မြန်မာစစ်ဘေးရှောင် ကိုယ်ဝန်ဆောင် ၁ဦး မီးဖွား

ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံဘက်ခြမ်း လေးကေ့ကော်ဒေသ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်ရှိ မဲ့တောင်ကလန်း ယာယီ စစ်ဘေးရှောင် စခန်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ကလေးမွေးဖွားခဲ့ကြောင်း ယင်း စခန်း၌ ရောက်ရှိနေသည့် လူမှုကယ်ဆယ်ရေး ပရဟိတ အဖွဲ့များထံမှ သိရ သည်။

အဆိုပါ ကိုယ်ဝန်ဆောင် မိခင်ကို မဲဆောက်မြို့နယ် ဆေးရုံမှ ဆေးဝန်ထမ်းများက စခန်းအတွင်း အရေးပေါ် အကူအညီဖြင့် မွေးဖွားပေးခဲ့ကြောင်းကို Udom Kumaon လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ မြဝတီခရိုင် လေးကေ့ကော်မြို့သစ်တွင် စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဒေသ စစ်ဘေးရှောင် စခန်းသို့ ယာယီ ခိုလုံရန် ရောက်ရှိနေသူ စစ်ရှောင်ဦးရေ ၁၀,၀၀၀ နီးပါး အထိ ရှိလာနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly