ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာတွင် ပျူစောထီးအဖွဲ့၀င်တစ်ဦး အသတ်ခံရ

ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာတွင် ပျူစောထီးအဖွဲ့၀င်တစ်ဦး အသတ်ခံရ

ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာမှ ပျူစောထီးအဖွဲ့၀င် ဦးနီသည် ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ၀န်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း Monywa Nightking အဖွဲ့ထံက သိရသည်။

" သူက ပျူစောထီး။ ရွာမှာ ဟောင်ဖွာဟောင်ဖွာနဲ့ စစ်တပ် အလုပ်ကို အများကြီး လုပ်ပေးနေတဲ့ သူပါ။ သူ့ကို လမ်းမှာ ပစ်ခဲ့တာပါ" ဟု Monywa Nightking အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

ဦးနီသည် ရွာခံများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်များဟု ဆိုကာ စစ်ကောင်စီထံ မကြာခဏ သတင်းပေး တိုင်ကြားခြင်းများ လုပ်ဆောင်ကြောင်းလည်း အဆိုပါ အဖွဲ့ခေါင်းဆောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly