သရက်ချောင်းမြို့နယ်က လူနေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ်ဖွဲ့ ခြိမ်းခြောက်

By ကိုရွှေမြိတ်
19 December 2021
သရက်ချောင်းမြို့နယ်က လူနေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ်ဖွဲ့ ခြိမ်းခြောက်

ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အင်းဗူးလမ်း ရှိ နေအိမ် တစ်လုံးကို မီးရှို့ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက ထိုအိမ်တွင်နေထိုင်သည့် မိသားစုဝင်များကို လာရောက် ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်ဟု ဒေသခံမှ သိရသည်။

စစ်ကောင်စီ အလိုရှိနေသည့် ကိုသန်းကျော်မိုး၏ သားဖြစ်သူအား ဖမ်းဆီးရန် လာရောက်ရှာဖွေစဉ် မတွေ့မရှိ၍ မိသားစုဝင်များအား နေအိမ်မှ အမြန်ဆုံးဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသွားခြင်း ဖြစ်သည်။

ရငဲကျေးရွာနေ ဒေသခံ တစ်ဦးက "အုပ်ချုပ်ရေးမှူး အပါဝင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရောက်လာ ပါတယ်။ ဒီရက်ပိုင်း အတွင်း ဒီအိမ်ကနေ ဆင်းပေးပါ မဆင်းပေးရင် မီးရှို့ဖျက်ဆီး ပစ်မယ်ဆိုပြီး မိသားစုဝင်တွေကိုခြိမ်းခြောက် ပြောဆို သွားတယ်"ဟု ပြောသည်။

ဦးသန်းကျော်မိုး၏မိသားစုသည် ကျေးရွာအတွင်း အေးဆေးစွာ နေထိုင်သူများ ဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly