ပုသိမ်ဆေးရုံ CDM ဝန်ထမ်းများ၏ လစာများကို ဆေးရုံတာဝန်ရှိသူများက ထုတ်ယူသုံးစွဲနေဟုဆို

ပုသိမ်ဆေးရုံ CDM ဝန်ထမ်းများ၏ လစာများကို ဆေးရုံတာဝန်ရှိသူများက ထုတ်ယူသုံးစွဲနေဟုဆို

ဒီဇင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးCDM လှုပ်ရှားမှုတွင်ပါဝင်ထားသော ဝန်ထမ်းများ၏လစာများကို ဆေးရုံတွင် လက်ရှိတာဝန်ရှိသူများက ထုတ်ယူသုံးစွဲနေကြကြောင်း CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ 

"ပုသိမ်ဆေးရုံမှာ အထူးကုကြီးတွေအပါ CDM လုပ်ထားတဲ့ဝန်ထမ်း အများကြီးရှိတယ်။ အဲ့ဒီ ဝန်ထမ်း အကုန်လုံးနီးပါးကို အခုအချိန်အထိ အလုပ်ထုတ်စာမပို့ပေးဘူး။  အလုပ်ထုတ်တယ်လို့လည်း မကြေညာဘူး။ သေချာတာတော့ CDM ဝန်ထမ်းတွေရဲ့လစာကို တာဝန်ရှိသူတွေက ထုတ်ပြီးသုံးနေတာပါ"ဟု ပုသိမ်ဆေးရုံ CDM ဝန်ထမ်းတစ်ဦးကပြောသည်။ 

ထို့အပြင် ပုသိမ်ဆေးရုံ CDM ဝန်ထမ်းများကို အလုပ်မထုတ်ဘဲ ၎င်းဝန်ထမ်းများ နေထိုင်ခဲ့သော ဝန်ထမ်းလိုင်းခန်းများမှ တံခါးသော့များကို ဖျက်ဆီးဝင်ရောက်ပြီး  Non-CDM ဝန်ထမ်းများအား နေထိုင်ခွင့်ပြုရန် တာဝန်ရှိသူများက စီစဥ်နေကြကြောင်း ၎င်းက ပြောသည်။ 

ပုသိမ်ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများမှစ၍ အောက်ခြေဝန်ထမ်းအထိ CDM လှုပ်ရှားမှုတွင် ပါဝင်ထားသူ ဦးရေ ၁၅၀ ခန့် ရှိသည်ဟု သိရပြီး

အဆိုပါ ဝန်ထမ်းအားလုံးကို လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပုသိမ်ဆေးရုံတာဝန်ရှိသူများက နည်းမျိုးစုံဖြင့် ဆက်သွယ်ပြီး အလုပ်ပြန်ဝင်ရန်ပြောဆိုနေကြောင်း ပုသိမ်ဆေးရုံ CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required