မင်းတပ်တွင် စစ်​ကောင်စီက စစ်​ကြောင်းထိုး​နေသည့်အတွက် ရွာသားများစစ်ဘေးရှောင်

မင်းတပ်တွင် စစ်​ကောင်စီက စစ်​ကြောင်းထိုး​နေသည့်အတွက် ရွာသားများစစ်ဘေးရှောင်

ဒီဇင်ဘာလ ၁၈ ရက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ဝမ္မသူးကျေးရွာဘက်ခြမ်းကို စစ်ကောင်စီတပ်များကဆက်လက်စစ်ကြောင်းထိုးနေသည့်အတွက် ၀မ္မသူးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာမှပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယမန်နေ့ညက ဘုရားစခန်းရွာ တွင် ညအိပ်နားခဲ့သည့်စစ်ကောင်စီတပ်များသည်ယနေ့နံနက်ပိုင်းတွင်  ရွာ၏ မြောက်ဖက်ခြမ်း ကျလှောင်ခင်ရိုးအတိုင်း တောတိုးပြီး ဝုမ်းခုံ၊ မရှိန်းလှော် ၊ ဝမ္မသူးမှ တက်လာနေခြင်းဖြစ်၍ တိမ်းရှောင်ရမှုဖြစ်သည်။ 

''ခုလောလောဆယ်တော့ ဝမ္မသူးကျေးရွာမှာဘယ်သူမှမရှိတော့ဘူး။ ဝမ္မသူးရွာဆိုတာက ရွာကြီးပါ၊ဒီမှာတိုက်နယ်ဆေးရုံလည်းရှိတယ်။ အခုတလောဒီရွာနားကထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ဖျားနားတဲ့သူတွေအားလုံးကဒီတိုက်နယ်ဆေးရုံကိုပဲအားကိုးရတာ၊အခုတော့ ဆေးပစ္စည်းတွေသယ်ပြီးပြေးနေရပြီ။ ဆေးပစ္စည်းတွေကမသယ်လို့လည်းမရဘူးလေ။ အရင်တခါလာတုန်းကလည်းဆေးရုံထဲကဆေးပစ္စည်းတွေဖျက်ဆီးပစ်ခဲ့ကြပြီးပြီ''ဟု စစ်ဘေးရှောင်ရွာသားတစ်ဦးကပြောသည်။

အဆိုပါ စစ်​ကောင်စီ စစ်​ကြောင်းများသည် CDF မင်းတပ် ထိန်းချုပ်နယ်​မြေထဲသို့ ဝင်​​ရောက်လာနိုင်​သည့်အတွက်တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းကိုလည်း  CDF မင်းတပ်အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required