မြန်မာတွင် ဖမ်းဆီးခံထားရသည့် အိန္ဒိယလက်နက်ကိုင် ၅ ဦး အိန္ဒိယပြန်ရောက်

မြန်မာတွင် ဖမ်းဆီးခံထားရသည့် အိန္ဒိယလက်နက်ကိုင် ၅ ဦး အိန္ဒိယပြန်ရောက်

ဒီဇင်ဘာလ ၁၆ ရက်

မြန်မာနိုင်ငံက ဖမ်းဆီးထားသည့် အိန္ဒိယနိုင်ငံသား လက်နက်ကိုင် ငါးဦးကို ဒီဇင်ဘာလ ၁၅ ရက်တွင် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အခြေစိုက် Imphal Free Press သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ အိန္ဒိယနိုင်ငံသား ငါးဦးသည် ပြီးခဲ့သည့် သြဂုတ်လ၌ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး  မန္တလေး အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည်။

၎င်းတို့သည် အိန္ဒိယနိုင်ငံရှိ ပြည်သူ့တော်လှန်ရေးတပ်ဦး  (RPF )နှင့် မဟာမိတ် အဖွဲ့အစည်း ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)တို့မှ လက်နက်ကိုင်များ ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းများသည် အိန္ဒိယပြည်တွင်း၌  ပိတ်ပင်ခံထားရသည့်  လက်နက်ကိုင် အဖွဲ့များဖြစ်ကြောင်း အိန္ဒိယသတင်းစာ Imphal Free Press က ရေးသားထားသည်။

မြန်မာနိုင်ငံက ပြန်လည် လွှဲပြောင်းပေးလိုက်သည့် အိန္ဒိယနိုင်ငံသား ငါးဦးမှာ  Naredra Nongmaijing၊  Loltongbam Rajkumar၊  Thokchom Kalasana၊ Salam Somendra နှင့် Chaoren Rohen တို့ ဖြစ်ပြီး ၎င်းတို့ကို အိန္ဒိယလေတပ်က လေယာဉ်ဖြင့် လာရောက် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေ့ နေ့လယ်ပိုင်းတွင် အင်ဖာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က အာသံ ရိုင်ဖယ်တပ်မှ ဗိုလ်မှူးကြီး မိသားစု အပါအဝင် ခုနစ်ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို PLA အဖွဲ့နှင့် မဏိပူရ နာဂပြည်သူ့ တပ်ဦးတို့ ကျူးလွန်ခဲ့ကြောင်း အိန္ဒိယ ပြည်တွင်း မီဒီယာများတွင် ဖော်ပြရေးသားမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required