မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် လွတ်လပ်ရေးနေ့ ဂုဏ်ပြု ပန်းကုံးစွပ်

မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် လွတ်လပ်ရေးနေ့ ဂုဏ်ပြု ပန်းကုံးစွပ်

မုံရွာ၊ ဇန်နဝါရီ ၄။ ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် နံနက် ၉ နာရီအချိန်က ပန်းကုံးစွပ် ဂုဏ်ပြုခဲ့ကြသည်။ 

ဗိုလ်ချုပ်ကြေးရုပ်တွင် ပန်းကုံးစွပ်ဂုဏ်ပြုမှုကို မုံရွာမြို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်အေး မိသားစုက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

"လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတန်ဖိုးထားကြောင်း ပြသတဲ့ အနေနဲ့ အခုလို မိသးစုလိုက် ပန်းကုံးစွပ် ဂုဏ်ပြုရခြင်းဖြစ်ပါတယ်။" ကာယကံရှင် နိုင်ငံရေး အကျဉ်းသားဟောင်း
ဦးကျော်အေးက ပြောသည်။

ထို့ပြင် အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ "မေတ္တာရေစင်" ပရဟိတ ရေအလှူအသင်းမှ အဖွဲ့ဝင်များသည်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးကျပ်တန် ငွေစက္ကူ အရွက်ရေ ၅၀၀ ခန့်အား လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly