လေးကေ့ကော် တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၂၀ ခန့်သေဆုံး၊ ၂၃ ဦး အရှင်ဖမ်းမိဟုဆို

လေးကေ့ကော် တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၂၀ ခန့်သေဆုံး၊ ၂၃ ဦး အရှင်ဖမ်းမိဟုဆို

ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ လေးကေ့ကော် မြို့သစ်၌ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား ယမန်နေ့ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ခန့်သေဆုံးပြီး ၂၃ ဦး အရှင်ဖမ်းမိကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

"ပစ်ခတ်မှုတွေ ရပ်သွားပါပြီ။ မနေ့က တစ်နေ့လုံး စစ်ခွေး(စစ်ကောင်စီတပ်သား) တွေဘက်က သေတာ ၂၀ နီးပါးရှိပြီ (အတိကျကို အတည်ပြုဖို့မလွယ်နိုင်သေး)၊အရှင် ၂၃ ယောက်မိပါတယ်" ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ည ၉နာရီခွဲတွင် သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး ထင်လင်းဇော် ပြင်းထန်ဒဏ်ရာရသည်ဟု အခြားသတင်းရင်းမြစ်ကဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြား အတည် မပြုနိုင်သေးပေ။

လေးကေကော် အမှတ် (၆) ရပ်ကွက်ကို ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကြောင်းထိုး ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ( KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်စခန်းများဘက်ကို နယ်မြေကျော်လွန် ဝင်ရောက်လာသောကြောင့် သုံးနေရာထက်မနည်း ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်က တိုက်ပွဲများကြောင့်ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required