လှည်းကူး တာဆုံရှိ ဆိုင်ခန်းများကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီက ဖျက်ခိုင်း

လှည်းကူး တာဆုံရှိ ဆိုင်ခန်းများကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီက ဖျက်ခိုင်း

ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ တာဆုံဝန်းကျင်ရှိ ဆိုင်ခန်း ၂၀ ကျော်ကို ကျူးကျော်စာရင်းထဲ ထည့်သွင်းကာ စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဖျက်ခိုင်းနေကြောင်း သိရသည်။

အဆိုပါ ဈေးဆိုင်ခန်းများသည် ခေတ်အဆက်ဆက် ဆောက်လုပ်ရေးရုံးမှတစ်ဆင့် ငှားရမ်းထားသော ဆိုင်ခန်းများဖြစ်ပြီး ယခုအချိန်တွင်မူ ကျူးကျော်ဟုဆိုကာ ဖျက်ခိုင်းနေခြင်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ဆိုသည်။

"အန်တီ ကိုးနှစ်သမီးကတည်းက ဖွင့်လာတာ၊ စည်ပင်ခွန်၊ ဆိုင်ခန်းခ၊ ဈေးခွန် အကုန်ဆောင်တာပဲ။ ဆောက်လုပ်ရေးရုံးကတော့ အရင်အစိုးရ လက်ထက်မှာ ဆက်မငှားပေးတော့ပေမယ့် အသနားခံစာ တင်ထားကြတာ၊ အခုကတော့ ကျူးကျော်ဆိုပြီး အကုန်ဖျက်နေပြီ" ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

လှည်းကူးမြို့နယ်ရှိ ကျူးကျော်အိမ်များ၊ ဆိုင်ခန်းများကို ယခု ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီ၏ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စာထုတ်ကာ ဖျက်ခိုင်းမှုများ ရှိနေခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- ဖျက်သိမ်းနေသော ဆိုင်ခန်းအချို့ကို တွေ့မြင်ရစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly