ထားဝယ်မြို့နယ် ရေဝိုင်းရွာအနီးတွင် အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ထားဝယ်မြို့နယ် ရေဝိုင်းရွာအနီးတွင် အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာလ ၁၅ ရက်

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ရေဝိုင်းရွာအနီးတွင် စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူ အမျိုးသား နှစ်ဦး ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် သေနတ်​​ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

ဒေသခံများက စစ်ကောင်စီ သတင်းပေး ဒလန်ဟု ထင်ကြေးပေးခံထားရသူ နှစ်ဦးဖြစ်သည့် ဦးမြမွေး အသက် (၄၅) နှစ်နှင့် ဦးဇော်မင်းသူ အသက် (၃၅) နှစ်တို့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ​ညနေ ၅ နာရီခန့်က ရွာထဲတွင် မူးယစ်ဆေးများသွား ယူစဉ် လမ်းတွင် သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း ရွာသား တစ်ဦးက ဆိုသည်။

"ဒီလူ နှစ်ဦးက စစ်ကောင်စီ သတင်းလည်း လုပ်တယ်။ နောက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်တွေလည်း လုပ်တယ် ဆိုပြီး သတင်းတွေ ထွက်နေတဲ့သူတွေပါ"ဟု ၎င်းကပြောသည်။

ထို့အ​​ပြင် ပစ်ခံရသူများ၏ လွယ်အိတ်ထဲတွင် မူးယစ်ဆေးဝါး အများအပြား ပါလာ​ကြောင်းလည်း ရေဝိုင်းရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် ၎င်းတို့ နှစ်ဦးပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့စည်းမှ လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required