လှည်းကူးမြို့တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီးနောက် အိမ်နီးချင်း ဖြစ်သူအဖမ်းခံရ

လှည်းကူးမြို့တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီးနောက် အိမ်နီးချင်း ဖြစ်သူအဖမ်းခံရ

ဒီဇင်ဘာလ ၁၅ ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ကြံ့ခိုင်ရေးပါတီအားပေးသူဟု ဒေသခံများက သတ်မှတ်ကြသည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးမျိုးဦးဆိုသူ ပစ်ခတ်ခံရပြီးနောက် ၎င်း၏ နှစ်အိမ်ကျော်တွင် နေထိုင်သည့် လက်သမားလုပ်သူ အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။ 

ဦးမျိုးဦးသည် လှည်းကူးမြို့ ၊ ဇီးပင်ဝဲကျေးရွာ၊ ရွှေကြာရံ ဘုရားလမ်းရှိ ၎င်း၏ နေအိမ်တွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မနက် ၈ နာရီခန့်က အမည်မသိအဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ 

ယင်းနောက်  စစ်ကောင်စီတပ်သားများက ဦးမျိုးဦး၏ နေအိမ်ကို လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယင်းသို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

"သုံးချက်ဝင်ပစ်တာ၊ နှစ်ချက်လွဲသွားတယ်။ တစ်ချက်နားထင်ဘက်ကို ထိသွားတယ်။ အခုဆေးရုံမှာ ၊ သေတော့မသေလောက်ဘူး။ သူက ဒလန် အပိုင်းထဲ အိမ်တွေ လိုက်ပြတာတို့ ဘာတို့ လုပ်တယ်။ အာဏာမသိမ်းခင်ကလည်း ကြံ့ခိုင်ရေးအလံ အိမ်မှာထောင်လိုက်၊ ပါတီဝင်လုပ်လိုက် " ဟု ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

ယခုလက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇီးပင်ဝဲကျေးရွာအတွင်း ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required