ကန်ချနဘူရီတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား ၃၄ ဦး ထပ်မံ ဖမ်းဆီးခံရ

ကန်ချနဘူရီတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား ၃၄ ဦး ထပ်မံ ဖမ်းဆီးခံရ
Photo - ကိုရွှေမြိတ်

ဒီဇင်ဘာလ ၁၅ ရက်

မြန်မာ-ထိုင်း နယ်စပ် ကန်ချနဘူရီ ခရိုင်တွင် ယမန်နေ့က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၃၄ ဦးထပ်မံ ဖမ်းဆီးခံထားရသည်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၄ ဦးကို  ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ထိုင်းနိုင်ငံ ကန်ချနဘူရီ နယ်စပ်ဂိတ်ရှိ တောလမ်းမှ တစ်ဆင့် ခိုးဝင်လာစဥ် ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ထိုင်းဘုရင့်တပ်မတော်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

၄င်းတို့၏ ထွက်ဆို ချက်အရ ထိုင်းတွင် အလုပ် လုပ်ကိုင်ရန် ပွဲစားခ တစ်ဦးဘတ်ငွေ ၂၅၀၀၀  အထိ ပေးပြီး ဝင်ရောက်လာသူများ ဖြစ်၍  တရားမဝင် နယ်စပ် ဖြတ်ကျော်မှုဖြင့် အရေးယူ ထားသည်။

မြန်မာနိုင်ငံ အတွင်း စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ပြည်သူများ အလုပ်ကိုင် ရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်းရှိ သက်ဆိုင်ရာ နယ်စပ် ဂိတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် ဖြတ်ကျော် နေရာ နေ့စဥ်နီးပါး ဖမ်းဆီးခံနေခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required