စစ်ကောင်စီကို ထပ်တိုး အရေးယူဖိအားပေးမှုတွေ လုပ်သွားဖို့ လေ့လာကြည့်ရှုနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

စစ်ကောင်စီကို ထပ်တိုး အရေးယူဖိအားပေးမှုတွေ လုပ်သွားဖို့ လေ့လာကြည့်ရှုနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

ဒီဇင်ဘာ ၁၅

မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် နောက်ထပ် ဘယ်လိုလုပ်ဆောင်ချက်နည်းလမ်းမျိုးတွေနဲ့ ထပ်မံအရေးယူ ဖိအားပေးသွားနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံဘက်က လေ့လာကြည့်ရှုနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီဇင်ဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုအပေါ် မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ဆက်ဆံမှုက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်သလား ဆိုတာကိုလည်း အမေရိကန်အနေနဲ့ "တက်ကြွစွာ" လေ့လာကြည့်ရှုနေတယ်လို့ ဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ မလေးရှားနိုင်ငံကို ရောက်ရှိစဉ်အတွင်း အထက်ပါ မှတ်ချက်စကားတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာလည်းပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောကြားရာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံအဖွဲ့ဝင်တွေကို ထိပ်သီးတွေ့ဆုံပွဲ အစည်းအဝေးတစ်ခုကို ဖိတ်ကြားထားကြောင်းနဲ့ ဒီ ဖိတ်ကြားချက်နဲ့ပတ်သက်လို့ အာဆီယံအုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဇန်နဝါရီ ၁၉ ရက်မှာ ဆွေးနွေးသွားဖို့ ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly