ထားဝယ် အကျဉ်းထောင်အတွင်း အမျိုးသမီး တစ်ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်၂ နှစ် အမိန့်ချ

ထားဝယ် အကျဉ်းထောင်အတွင်း အမျိုးသမီး တစ်ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်၂ နှစ် အမိန့်ချ

ဒီဇင်ဘာလ ၁၅ ရက်

အာဏာရှင် ဖီဆန် ဆန့်ကျင်ရေး လှုပ်ရှားမှုဖြင့် မြိတ်မြို့တွင် ဖမ်းဆီးခံရပြီးနောက် ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင် ခံထားရသူ အမျိုးသမီး တစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ်နှစ် အပြီးသတ် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် DPPN မှ ထုတ်ပြန်သည်။

အာဏာရှင် ဖီဆန် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ  မလွင်လွင်ကျော်၊ အသက် (၂၉) နှစ်ကို ထားဝယ် အကျဉ်းထောင်ရှိ စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်း တရားရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မလွင်လွင်ကျော် သည် မြိတ်မြို့တွင် အဖမ်းခံခဲ့ရပြီးနောက် ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အမိန့်ချမှတ် ခံခဲ့ရသည်။

ထားဝယ်မြို့တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီး အရေးယူမှု များပြားလားပြီး အချို့ကိုပုဒ်မ အများအပြားတပ်ကာ နှစ်ရှည် ထောင်ဒဏ်များလည်း ချမှတ်လာကြောင်း ထားဝယ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အသိုင်းအဝိုင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly