ဗဟန်းရဲစခန်းတွင် သေနတ်ရှင်းရာမှ ကျည်ထွက် ဟုဆို

ဗဟန်းရဲစခန်းတွင် သေနတ်ရှင်းရာမှ ကျည်ထွက် ဟုဆို

ဒီဇင်ဘာလ ၁၅ ရက်

ရန်ကုန်၊ ဗဟန်းမြို့နယ် ရဲစခန်းတွင် ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်၊ ည ၉ နာရီဝန်းကျင်က ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ခဲ့ရာ ဗဟန်းရဲစခန်းအတွင်း သေနတ်ကျည်ရှင်းရာမှ ကျည်ထွက်သွားခြင်းသာ ဖြစ်ကြောင်း အဆိုပါ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"အသံကြားတာက အုံးလို့ကြားရတာ၊ အဲ့လိုလည်း ကြားရပြီးရော မီးတွေပြတ်သွားရော။ အခုထိလည်း ပြန်မလာသေးပါဘူး။ ထင်တာက တစ်နေရာရာမှာတော့ ဖြစ်ပြီနေမှာလို့ တွေးနေတာ။ နောက်မှ ရဲစခန်းမှာ ဖြစ်တာမှန်း သိတယ်” ဟု အဆိုပါ ရဲစခန်းအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗဟန်းရဲစခန်းနှင့် နီးစပ်သူကမူ အရက်မူးနေသည့် ရဲတစ်ဦး သေနတ်ကျည်ရှင်းရာမှ ကျည်ထွက်သွားခြင်းသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပြောသည်။

“ညဆို သူတို့က မူးရူးနေကြပြီလေ။ သေနတ်ကျည်ရှင်းရင်း ကျည်ထွက်သွားတာ၊ အဲ့ကျည်ဆံက မဆိုင်တဲ့ အပြင်ကလူတွေကို ထိရင်တော့ ဒုက္ခပဲ" ဟု ၎င်းကရှင်းပြသည်။

အလားတူ ဖြစ်ရပ်မျိုး တောင်ဥက္ကလာပ ရဲစခန်း၌ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် ခန့်က ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly