ပုလဲမြို့နယ်၌ ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ပြောက်ကျားတပ်သား ၁ ဦးကျဆုံး

ပုလဲမြို့နယ်၌ ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ပြောက်ကျားတပ်သား ၁ ဦးကျဆုံး

ဒီဇင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ငန်းချောင်းရွာ အနီးတွင် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီခန့်က စစ်ကောင်စီ ခြေလျင်တပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များ အကြား မိနစ်၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ပြောက်ကျား တပ်သား တစ်ဦး ကျဆုံးခဲ့သည်။ 

"တပ်မ (၁၁) လက်အောက်ခံ ခလရ (၂၁၇) တပ်ရင်းက ခြေလျင်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ၊ သူတို့က အင်အား ၆၀ လောက်ရှိတယ်၊ လက်နက်ကြီးတွေနဲ့ တော်တော်များများပစ်တယ်၊ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်၊ အလောင်းကိုတော့ ပြန်ရတယ်။ ဒီနေ့သင်္ဂြိုလ်လိုက်တယ်။ ဟိုဘက်က ကျဆုံးမှုကိုတော့ မသိရသေးဘူး" ဟု ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) အဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

အဆိုပါ ထိတွေ့တိုက်ပွဲသည် မိနစ်၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ယင်းတိုက်ပွဲကို ဒေသခံ ကာကွယ်ရေးတပ်များဖြစ်သည့် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) နှင့် Pale People's Defence Force - Headquarters တို့ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ 

ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ခင်အေးရွာ အရှေ့ထိပ်တွင် မကွေးတိုင်း ကျောမြို့မှ နယ်မြေရှင်းလင်းရန်လာသည့် တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၇) တပ်ရင်းမှ စစ်ကောင်စီ အင်အား ၉၀ ခန့်နှင့် ဒေသခံ ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required