တရုတ် လူဦးရေသည် ၂၀၂၁ ခုတွင် အမြင့်ဆုံးဖြစ်လာနိုင်

တရုတ် လူဦးရေသည် ၂၀၂၁ ခုတွင် အမြင့်ဆုံးဖြစ်လာနိုင်

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၁ခုနှစ်တွင် အမြင့်ဆုံး ဖြစ်မည်ဟု ခန့်ထားပြီး လူဦးရေ တိုးတက်မှုနှုန်းသည် အချိုးအကွေ့တစ်ခုအဖြစ် မကြာမီကာလအတွင်း တဖြည်းဖြည်း ကျဆင်းသွားမည် ဖြစ်ကြောင်း အွန်လိုင်းခရီးသွားပလပ်ဖောင်း Trip.com Group ၏ အမှုဆောင်ဥက္ကဌနှင့် ကျော်ကြားသော လူဦးရေဆိုင်ရာကျွမ်းကျင်သူ ဂျိမ်းလျန်က ပြောကြားခဲ့သည်။

ဒေသတွင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ထားသော အချက်အလက်ကို ကိုးကား၍ နိုင်ငံတစ်ဝန်းမွေးဖွားမှု နှုန်းသည် ၂၀၂၁ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းဖြစ်သည့် ၁၀ သန်းအထိ ကျဆင်းသွားခဲ့ကြောင်း South China Morning Post သို့ ဒီဇင်ဘာ ၉ရက်တွင် လျန်က ပြောကြားခဲ့သည်။

"ဆိုလိုတာက တရုတ်နိုင်ငံလူဦးရေ ပမာဏက အရင်က မျှော်မှန်းထားတာထက် အများကြီး စောပြီး အထိတ် အထိပ် ရောက်သွားခဲ့ပါတယ်" ဟု နှစ်ပေါင်းများစွာ ကလေးမွေးဖွားမှုကို ထောက်ခံသည့် မူဝါဒများကို ကျယ်ကျယ်လောင်လောင် တောင်းဆိုခဲ့သည့် လျန်က ပြောကြားခဲ့သည်။

တရုတ်မိခင်များသည် ၂၀၂၀ပြည့်နှစ်တွင် ကလေး ၁၂ သန်းသာ မွေးဖွားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၁၄ ဒသမ ၆၅ သန်းရှိရာမှ ကျဆင်းခဲ့ခြင်းဖြစ်သလို နှစ်အလိုက်တွင် ၁၈ ရာခိုင်နှုန်း ကျဆင်းခြင်းဖြစ်ကာ နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးဖြစ်သည်။

တရုတ်ပြည်တွင် ကလေးမွေးဖွားနှုန်းသည် လူ ၁၀ဝဝ လျှင် ၈ ဒသမ ၅၂ ဦးသာ မွေးဖွားသဖြင့် စံချိန်တင်နည်းပါးသွားခဲ့သည်။

နိုင်ငံ၏ ကလေးမွေးဖွားနှုန်း ကျဆင်းခြင်း၊ သက်ကြီးရွယ်အိုဦးရေနှင့် လုပ်သားအင်အား ကျုံ့သွားခြင်းက ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံနှင့် ဒုတိယအကြီးဆုံး စီးပွားရေးတွင် မတည်မငြိမ်သော လူဦးရေ အပြောင်း အလဲကို ဖော်ပြနေသည်။

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကူးစက်ရောဂါမှ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် ယင်းလူဦးရေတိုးနှုန်း ကျဆင်းသွားခြင်းက ကမ္ဘာ့စင်မြင့်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုများအတွက် တရုတ်၏ ရေရှည်ရည်မှန်းချက်များကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။

သမိုင်းကြောင်းအရကြည့်ပါက နိုင်ငံတစ်ဝန်းတွင် ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းက လူဦးရေပြဿနာက မည်မျှထိတ်လန့်စရာကောင်းကြောင်းဖော်ပြနေသည်ဟု လျန်က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly