အိန္ဒိယက နိုင်ငံတကာမှ ရောက်ရှိလာသူများအား ကိုဗစ်-၁၉ စစ်ဆေးမှု ပိုမိုလုပ်ဆောင်သွားမည်

အိန္ဒိယက နိုင်ငံတကာမှ ရောက်ရှိလာသူများအား ကိုဗစ်-၁၉ စစ်ဆေးမှု ပိုမိုလုပ်ဆောင်သွားမည်

ကိုဗစ်-၁၉ မျိုးစိတ်သစ် Omicron ကူးစက်မှုတွေ့ရှိထားသည့် အာဖရိကတိုက်နှင့် ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁ ဒါဇင်ကျော်မှ ဝင်ရောက်လာသူများအား ဆေးစစ်မှုများကို မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

တောင်အာဖရိကနိုင်ငံမှ မကြာသေးမီက ပြန်လာသူတစ်ဦးထံတွင် ကိုဗစ်-၁၉ မည်သည့်မျိုးကွဲဟု မသိရသော်လည်း ကူးစက်ခံရမှု တွေ့ရှိပြီးနောက် ယခုကဲ့သို့ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။

“လူနာကို စောင့်ကြည့်ထားပါတယ်။ ရောဂါလက္ခဏာအပျော့စားတွေတော့ ပြနေပါတယ်” ဟု ၎င်းအား သီးသန့်ထားရှိသည့် မဟာရက်ရှထရာပြည်နယ်မှ ကျန်းမာရေး အရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဥရောပ၊ တောင်အာဖရိက၊ ဘရာဇီး၊ ဘင်္ဂလားဒေ့ရှ်၊ ဘော့ဆဝါနာ၊ တရုတ်၊ မောရိရှ၊ နယူးဇီလန်၊ ဇင်ဘာဘွေ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် အစ္စရေးတို့မှ ရောက်ရှိလာသူများအားလုံးကို လေဆိပ်တွင် RT-PCR နည်းဖြင့် စစ်ဆေးသွားဖြစ်ကြောင်းနှင့် အခြားနိုင်ငံများမှ ရောက်ရှိလာသူများအနက် ၅ ရာခိုင်နှုန်းကို ကျပန်းစစ်ဆေးသွား မည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကလည်း တာဝန်ရှိသူများအနေဖြင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ဒီဇင်ဘာ ၁၅ ရက်မှစတင်ပြန်လည်ခွင့်ပြုမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ပြောကြားထားသည်။ လက်ရှိတွင် အထူးလေယာဉ်များကိုသာ ဝင်ရောက်ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly