အိန္ဒိယက အာဖဂန်နစ္စတန်သို့ အကူအညီများ ပေးပို့ရာတွင် သယ်ဆောင်ရမည့် နည်းလမ်းများကို ပါကစ္စတန်က သတ်မှတ်

By NDTV
11 December 2021
အိန္ဒိယက အာဖဂန်နစ္စတန်သို့ အကူအညီများ ပေးပို့ရာတွင် သယ်ဆောင်ရမည့် နည်းလမ်းများကို ပါကစ္စတန်က သတ်မှတ်

အိန္ဒိယမှ အာဖဂန်နစ္စတန်သို့ တင်ပို့မည့် ဂျုံနှင့် ဆေးဝါးများအား ပါကစ္စတန်သို့ ဖြတ်၍ သယ်ဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးရာတွင် ပါကစ္စတန်က ခွင့်ပြုချက်များကို သတ်မှတ်ပေးထားကြောင်း အဆိုပါ ကိစ္စရပ်အား သိရှိသူတစ်ဦးက နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ဂျုံနှင် ဆေးဝါးပစ္စည်း တန်ချိန် ၅ သောင်းကို ပါကစ္စတန်ကုန်တင်ယာဉ်များဖြင့် ဝါဂါနယ်စပ်ဂိတ်မှ ပို့ဆောင်ရန် ပါကစ္စတန်က တောင်းဆိုထားသော်လည်း အိန္ဒိယက မိမိတို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပို့ဆောင်ရန် လိုလားလျက်ရှိသည်။

အကူအညီများအား အခြားနေရာများသို့မရောက်ဘဲ ပေးမည့်သူများထံသို့သာ ရောက်စေရန်နှင့် ယုံကြည်စိတ်ချရသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှသာ ဖြန့်ဝေပေးရန် အိန္ဒိယက လိုလားသည်။

စာနာထောက်ထားမှု အကူအညီများအား မည်သည့်သတ်မှတ်ချက်မှ မထားရှိဘဲ အာဖဂန်ပြည်သူများကို ပေးပို့သင့်သည်ဟု အိန္ဒိယက ပြောကြားထားသော်လည်း ပါကစ္စတန်က ဖြတ်သန်းခွင့်ပြုရာတွင် သတ်မှတ်ချက်အများအပြားကို လုပ်ဆောင်လျက်ရှိသည်။

ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးသည် အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား သဘောတူညီမှုများ ရရှိရန် ဆွေးနွေးရသည့် အကြောင်းအရာများအနက်မှ တစ်ခုဖြစ်သည်။

ဂျုံများကို ပါကစ္စတန်ကုန်တင်ကားများဖြင့် ပို့ဆောင်ရာတွင် ကုလသမဂ္ဂက ကြီးကြပ်ဆောင်ရွက်ရန် ကမ်းလှမ်းထားသည်ဟု ပါကစ္စတန်မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အကူအညီများကို ဝါဂါနယ်စပ်တွင် ကုလအေဂျင်စီတစ်ခုအား လွှဲပြောင်းပြီး အာဖဂန်နစ္စတန်အတွင်း ဖြန့်ဝေရန် အိန္ဒိယက တောင်းဆိုသည့် အခြေအနေများလည်း ရှိနေသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် အာရင်ဒမ်ဘက်ချီက အိန္ဒိယအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား ပါကစ္စတန်မှတစ်ဆင့် ပေးပို့ရန် ဖြစ်နိုင်သည့် ပုံစံများကို ဆွေးနွေးနေကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly