အိန္ဒိယနှင့် စင်ကာပူတို့အကြား ကာကွယ်ဆေးထိုးပြီးသူများအတွက် အထူးလေယာဉ်ပြေးဆွဲမှုများ စတင်

အိန္ဒိယနှင့် စင်ကာပူတို့အကြား ကာကွယ်ဆေးထိုးပြီးသူများအတွက် အထူးလေယာဉ်ပြေးဆွဲမှုများ စတင်

အိန္ဒိယနှင့် စင်ကာပူနိုင်ငံတို့အကြား ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများအတွက် သီးသန့်လေယာဉ်ပြေးဆွဲမှု အစီအစဉ် (VTL) အား နိုဝင်ဘာ ၂၇ ရက်က စတင်လိုက်သော်လည်း ကိုဗစ်-၁၉ မျိုးကွဲ Omicron ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်သောကြောင့် စင်ကာပူအနေဖြင့် အခြားနိုင်ငံများနှင့် အလားတူ အစီအစဉ်ကို ရွှေ့ဆိုင်းထားသည်။

စင်ကာပူသို့ လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း Vistara နှင့် IndiGo လေကြာင်းလိုင်းများက ကြေညာထားသော်လည်း Air India က မှတ်ချက်ပေးမထားသေးပေ။ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီးသူများသည် VTL အစီအစဉ် ဖြင့် စင်ကာပူသို့ သွားနိုင်မည်ဖြစ်သည်။

Singapore Airlines ကလည်း နိုဝင်ဘာ ၂၉ တွင် ခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကိုဗစ် မျိုးကွဲသစ် Omicron ဖြစ်ပေါ်လာသောကြောင့် နို်ငငံအများအပြားက ခရီးသွားလာမှုများကို ထိန်းချုပ်နေသလို အိန္ဒိယကလည်း ဒီဇင်ဘာ ၁၅ မှစတင်၍ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်ထားသည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။

အိန္ဒိယနှင့် စင်ကာပူတို့အကြား VTL အစီအစဉ်အရ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ ခရီးသည်တင်လေယာဉ်များ ပြန်လည်ပေးဆွဲရေးကို ချန်နိုင်း၊ ဒေလီနှင့် မွမ်ဘိုင်းတို့အကြား သတ်မှတ်ခရီးစဉ် ၆ ကြိမ်ပြေးဆွဲရန် နိုဝင်ဘာလ အစောပိုင်းတွင် သဘောတူညီခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly