တရုတ်က ပါကစ္စတန်၏ စစ်လက်နက်အင်အားကို ပံ့ပိုး မြှင့်တင်ပေးနေ

တရုတ်က ပါကစ္စတန်၏ စစ်လက်နက်အင်အားကို ပံ့ပိုး မြှင့်တင်ပေးနေ

ပါကစ္စတန်သည် အမေရိကန်ထံမှ လက်နက်များရယူရန် ထပ်တိုးကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသောကြောင့် တရုတ်ကပါကစ္စတန်၏ သမားရိုးကျနှင့်နျူကလီးယားလက်နက်များကို မြှင့်တင်ရန် စစ်လက်နက်များ ထောက်ပံ့ခြင်းဖြင့် ဟာကွက်ကိုဖြည့်ဆည်းပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်၏ လက်နက်ကိုင်တပ်ဖွဲ့များကို ကာလအတန်ကြာထောက်ပံ့ပေးနေသော်လည်း မကြာသေးမီနှစ်များအတွင်းဆက်ဆံရေးပိုမိုနက်ရှိုင်းလာကာပါကစ္စတန်သည် ထိပ်တန်း တရုတ်ပို့ကုန်ပစ္စည်းများကို အဓိကဝယ်ယူမှုများပြုလုပ်နေကြောင်း National Interest က ဖော်ပြသည်။

တရုတ်သည် ပါကစ္စတန်သို့ နျူကလီးယားလက်နက်အစီအစဉ်၊ JF-17 တိုက်လေယာဉ် ၊ A-100 အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာ၊ VT-1A တင့်ကားနှင့် HQ-16 တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် စသည့် လက်နက် ၅ မျိုးကိုရောင်းချခြင်းသို့မဟုတ် လိုင်စင်ထုတ်ပေးခဲ့ကြောင်းလေ့လာသုံးသပ်သူချာလီဂေါင်ကရေးသားခဲ့သည်။

ထို့အပြင် ပါကစ္စတန်သည် ရုရှား၏ တာဝေးပစ် S-300 နှင့်ဆင်တူသောတာဝေးပစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျည် တရုတ် HQ-9 စနစ်အားဝယ်ယူရန် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေကြောင်း National Interest ၌ ဖော်ပြသည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နျူကလီးယားလက်နက်အစီအစဉ်အတွက် သိသာထင်ရှားသော အကူအညီကိုပေးအပ်ခဲ့ပြီးအိန္ဒိယ၏မဟာရည်မှန်းချက်များကိုတန်ပြန်ရန် ဒုံးကျည်အစိတ်အပိုင်းများ၊ ကျည်ဆန်ထိပ်ဖူးဒီဇိုင်းများနှင့် ကြွယ်ဝသောယူရေနီယံများကိုပင် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် Nuclear Supplier Group ၏ စံနှုန်းများကို ရှောင်ရှားကာပါကစ္စတန်၏ နျူကလီးယား လက်နက်များကိုတီထွင်နိုင်ခဲ့သည်ဟုဆိုကြသည်။

အခြားတစ်ဖက်တွင် စစ်အေးခေတ်၏ အစိတ်အပိုင်းအများစုအတွက် အမေရိကန်ထံမှ လက်နက်အကူအညီ ရရှိခဲ့သောပါကစ္စတန်သည် ဝါရှင်တန်ကတပ်တိုးကန့်သတ်မှုများစတင်လုပ်ဆောင်လာသောကြောင့် လက်နက်အကူအညီရယူရန် ပေကျင်းကိုအားကိုးတကြီး မျှော်လင့်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly