တရုတ်အစိုးရကို အရှိုက်ထိစေသည့် ထုတ်ကုန်ကဏ္ဍ

By The Washington Post
09 December 2021
တရုတ်အစိုးရကို အရှိုက်ထိစေသည့် ထုတ်ကုန်ကဏ္ဍ

ဝီဂါများအပေါ် ရက်စက်ကြမ်းကြုတ်မှုနှင့်ဆက်နွှယ်သည့် ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများဖယ်ရှားရေး လှုပ်ရှားမှုအကြောင်းရေးထားသော ဂျော့ရှ်ရိုဂင်၏ နိုဝင်ဘာ ၂၆ ရက် ထုတ် “The Uyghur divestment movement is here” ဟူသော အတွေးအမြင်ဆောင်းပါးသည် ဝီဂါမွတ်စလင်များအပေါ် တရုတ်အစိုးရ၏ ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အနောက်နိုင်ငံများ၏ တုံ့ပြန်မှုကို သုံးသပ်ပြထားသည်။

ဖေဖော်ဝါရီလတွင် ကျင်းပမည့် ပေကျင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို သပိတ်မှောက်ရန် ဆွေးနွေးမှု အချို့ရှိသော်လည်း နိုင်ငံတကာအိုလံပစ်ကော်မတီက အစိုးရကို မဝေဖန်သလို ကွန်ဂရက်ကလည်းဝီဂါများအား အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ကာကွယ်ရေးဥပဒေကို အတည်မပြုသေးကြောင်း ၎င်းဆောင်းပါးကမှတ်ချက်ပြုခဲ့သည်။

ဘိုင်ဒင်အစိုးရက ပေကျင်းအားကစားပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်ရန် စီစဉ်နေသော်လည်း ကော်ပိုရေးရှင်းများက ၎င်းတို့၏ စီစဉ်ထားသော စပွန်ဆာပေးမှုကို မပယ်ဖျက်ကြပေ။

ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမူစလင်များအား ဖိနှိပ်မှုများနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများတွင် ပိုင်ဆိုင်မှုများကို ဖယ်ရှားရေးအတွက် အမေရိကန် ကျောင်းသားများဦးဆောင်သော ဖိအားကြီးထွားလာမှုကို မစ္စတာ ရိုဂင်က မှတ်ချက်ပြုခဲ့သည်။ Catholic University of America သည် တရုတ်နိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အထောက်အကူဖြစ်စေမည့် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို စတင်စစ်ဆေးခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များသည်လည်း ထိုကဲ့သို့ လုပ်ဆောင်သင့်ပေသည်။

အမျိုးသားဘတ်စကက်ဘောအသင်းကစားသမားများနှင့်အသင်းများမှ ဝေဖန်မှုများကြောင့် တရုတ်က ၎င်းတို့အပေါ် ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။

အားကစားသမားများသည် သိမ်မွေ့သော ရှုတ်ချမှုအဖြစ် တရုတ်နိုင်ငံထုတ် ဖိနပ်များနှင့် အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရပ်တန့်ကာ အာဖရိကမှ ဝတ်စုံများကို အသုံးပြုနိုင်ပေသည်။နိုင်ဂျီးရီးယားတွင် စတိုင်ကျသော အားကစားဖိနပ်များကို ထုတ်လုပ်သည့် ဖိနပ်ထုတ်လုပ်သူအများအပြားရှိသည်။ ယင်းက အာဖရိကထုတ် ဖိနပ်များအတွက် ပို့ကုန်ဈေးကွက်ကို တည်ဆောက်ပေးနိုင်မည်ဖြစ်ကာ အမေရိကန်ဈေးကွက်သို့ အခွန်ကင်းလွတ်ဝင်ရောက်နိုင်ပေမည်။

NBA ကစားသမားများ၏ လုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ အားကစားသမားသည် အာဖရိကမှ ပစ္စည်းအသုံးအဆောင်များအသုံးပြုလာနိုင်ပြီးယင်းသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်သော ခြေလှမ်းဖြစ်သလို လူမည်းစီးပွားရေး စွမ်းပကားအတွက် ခြေလှမ်းတစ်ခုလည်း ဖြစ်လာပေမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly