ရှေးရိုးစွဲအတွေးအခေါ်များကို စိန်ခေါ်နေသော တရုတ်အမျိုးသမီးများ

By Poreg
08 December 2021
ရှေးရိုးစွဲအတွေးအခေါ်များကို စိန်ခေါ်နေသော တရုတ်အမျိုးသမီးများ

ပညာတတ်တရုတ်အမျိုးသမီးများစွာတို့သည် အိမ်ထောင်မပြုကြတော့ဘဲ အများစုမှာ တစ်ကိုယ်တည်းနေရန် နှစ်သက်လာကြသည်။

တရုတ်၏ နိုင်ငံ့စာရင်းအင်းဗျူရိုနှင့် ပြည်နယ်သန်းခေါင်စာရင်း ကိန်းဂဏန်းများအရ အသက် ၂၅ နှစ် မှ ၂၉ နှစ်အကြား အမျိုးသမီး ၅ ဦးတွင် ၁ ဦးမှာ အိမ်ထောင်မပြုရသေးကြောင်း သိရသည်။ ထိုအသက်အပိုင်းအခြားအတိုင်း လက်မထပ်ရသေးသော အမျိုးသားများမှာ ပျမ်းမျှအားဖြင့် ၃ ဦးတွင် ၁ ဦးရှိသည်။

တရုတ်နိုင်ငံတွင် လက်မထပ်ရသေးသည့် အမျိုးသမီးများကို အမည်းစက်တစ်ခုအဖြစ် ထင်မှတ်ဆဲ ဖြစ်ပြီး ပညာရေးနှင့်နည်းပညာကြောင့် တရုတ်လူ့အဖွဲ့အစည်းသည် ရုတ်ချည်းဆိုသလို ခေတ်မီတိုးတက် လာသော်လည်း ပညာတတ် လက်မထပ်ရသေးသည့် အမျိုးသမီးများကို လှောင်ပြောင်သောအားဖြင့် ‘အထီးကျန်အမျိုးသမီးများ’ ဟုခေါ်ကြခြင်းသည် ရှေးရိုးစွဲ အတွေးအခေါ်ဖြစ်သည်။

တရုတ်နိုင်ငံ၏ မြို့ကြီးများ သို့မဟုတ် ဟောင်ကောင်နှင့် စင်ကာပူတို့၌ တစ်ကိုယ်တည်းနေထိုင်သည့် ပညာတတ် တရုတ်အမျိုးသမီး အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် များပြားလာသည်။

ယခုအခါ ကျေးလက်ဒေသများတွင် လက်မထပ်ရသေးသော အမျိုးသမီးများကို စာရင်းပြုစုရန်၊ အခြေအနေတစ်ရပ်ဖန်တီးပေးရန်နှင့် အိမ်ထောင်ပြုဖြစ်နိုင်မည့် မြို့ပြများသို့ပို့ဆောင်ကာ အထီးကျန်မိန်းမသားများကို ဆန့်ကျင်ကြောင်းပြသရန်အာဏာပိုင်များအား အကြံပြုနေကြသည်။

လူ့အဖွဲ့အစည်းကြီးသည် လက်မထပ်ခြင်းကို ‘လူမှုရေးချိုးဖောက်မှု’ အဖြစ် ရှုမြင်ကြသည်။ အစွန်းရောက် အမျိုးသားရေးအမြင်ရှိသူအချို့က ထိုသို့သော အမျိုးသမီးများသည် နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ယူဆကြသည်။

မီဒီယာများက ၎င်းတို့အား "အထီးကျန်ဆန်သော၊ စိုးရိမ်ကြောင့်ကြသော၊ အရည်အချင်းမြင့်မားလွန်းသောနှင့် ခြိမ်းခြောက်သောသူများအဖြစ် စတင်ပုံဖော်လာကြသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ တရုတ်ပြည်မကြီးနှင့်မတူဘဲ ဟောင်ကောင်နှင့်စင်္ကာပူရှိ တစ်ကိုယ်ရေတစ်ကာယအမျိုးသမီးများသည် အကောင်းမြင်ပိုခံရသည်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် ပြည်မကြီးတွင် တစ်ကိုယ်တည်းဖြစ်နေပါက အဆိုးမြင်ခံရပေလိမ့်မည်။ အသက် ၂၇ နှစ်အထက် လက်မထပ်ရသေးသူများကို အထီးကျန်အမျိုးသမီးများဟု ခေါ်ပေလိမ့်မည်။ သို့သော် ဟောင်ကောင်တွင် အပြုသဘောဆောင်သောအမြင်ဖြင့် ၎င်းတို့အား ‘ပွင့်ဖူးနေသောအမျိုးသမီးများ’ ဟုခေါ်ဝေါ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly