အထက်ပုဇွန်တောင်လမ်းတွင် ကား၂စီးဆင့်တိုက်မှုဖြစ်

အထက်ပုဇွန်တောင်လမ်းတွင် ကား၂စီးဆင့်တိုက်မှုဖြစ်

ဒီဇင်ဘာ ၇

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းတွင် ဒီဇင်ဘာလ ၇ ရက်ည ၇ နာရီ၄၅ မိနစ်အချိန်တွင် ကားနှစ်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။ 

" ပထမတစ်ခါ က Fielder ကားကို ဝင်တိုက်တယ်။ အဲ့ဒီကားက ဘီးပါကျွတ်သွားတယ်၊ အဲ့ဒါကို နောက်ပြန်ဆုတ်ပြီး ပြန်ကွေ့တယ်။ ပြီးတော့ ဓာတ်တိုင်ကို ဝင်တိုက်တယ်။ ကားမောင်းတဲ့ကောင်လေးက သတိလစ်သွားတယ်။ ဆေးရုံကားရောက်လာပြီးတင်သွားတယ်"ဟု မျက်မြင်တွေ့သူတစ်ဦးကပြောသည်။ 

ကားတစ်စီးကတော့ အရှေ့ဘန်ပါမှာ ဆိုးဝါးစွာပျက်စီးသွားသည်ကို တွေ့ရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required