ရေဖြူမြို့နယ် ကလုံးထာရွာတွင် စစ်ကောင်စီ သတင်းပေးဆိုသူ ၂ ဦးကို ဖမ်းဆီးရှင်းလင်းခဲ့ဟု DGRF ထုတ်ပြန်

ရေဖြူမြို့နယ် ကလုံးထာရွာတွင် စစ်ကောင်စီ သတင်းပေးဆိုသူ ၂ ဦးကို ဖမ်းဆီးရှင်းလင်းခဲ့ဟု DGRF ထုတ်ပြန်
Photo - ကိုရွှေမြိတ်

ဒီဇင်ဘာ ၇

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံးထာရွာရှိ စစ်ကောင်စီ၏ သတင်းပေး နှစ်ဦးကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ် (DGRF) ၏ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

ရေဖြူမြို့နယ် ကလုံးထာရွာနေ ဦးဘသိန်း ဆိုသူနှင့် ရွာခံ ဦးအောင်စိုး တို့ကို ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ် DGRF က ဖမ်းဆီးကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

"ဦးဘသိန်း ဆိုတဲ့သူက ဒလန်ထက်ကျော်နေပြီ၊ သူ့ခြံထဲအထိ စစ်ကောင်စီ အဖွဲ့တွေကို ခေါ်ပြီးထားတယ်။ ဒါကို ကျွန်တော်တို့အဖွဲ့က သွေးသွေးချင်း လက်စားချေတဲ့ အနေနဲ့ သုတ်သင် ရှင်းလင်းခဲ့တာ" ဟု ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ် တာဝန်ရှိသူက ပြောဆိုသည်။

ပစ်သတ်ခံရသည့် ဦးဘသိန်းသည် ၎င်း၏ ရော်ဘာခြံအတွင်း စစ်ကောင်စီတပ်များအား တပ်စွဲခွင့်ပြုကာ လမ်းပြအဖြစ် လုပ်ဆောင်ခဲ့သည်ဟု DGRF က ဆိုထားပြိး ဦးအောင်စိုး မှာမူ စစ်ကောင်စီ သတင်းပေး ဖြစ်ကြောင်း DGRF က စွပ်စွဲထားသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်မပြုနိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required