တရုတ်စစ်တပ်ကအင်အားယုတ်လျော့စေရန် ကြိုးပမ်းနေသော်လည်း တုံ့ပြန်နိုင်ကြောင်း ထိုင်ဝမ်ပြောကြား

တရုတ်စစ်တပ်ကအင်အားယုတ်လျော့စေရန် ကြိုးပမ်းနေသော်လည်း တုံ့ပြန်နိုင်ကြောင်း ထိုင်ဝမ်ပြောကြား

တရုတ်စစ်တပ်က လေယာဉ်များ ထပ်ခါတလဲလဲ ပျံဝဲပြခြင်းဖြင့် ထိုင်ဝမ်၏ လက်နက် ကိုင်တပ်ဖွဲ့များကို အင်အားယုတ်လျော့ကျစေရန် ကြိုးပမ်းနေသော်လည်း မိမိတို့တွင် တုံ့ပြန်နိုင်စွမ်းရှိကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၉ရက်တွင် ပြောကြားခဲ့သည်။

တရုတ်လေတပ်မှ လေယာဉ် ၂၇ စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်သို့ ထပ်မံဝင်ရောက်လာပြီးနောက် ထိုင်ဝမ်သည် နိုဝင်ဘာ ၂၈ရက်တွင် တိုက်လေယာဉ်များကို ထပ်မံ၍ အရေးပေါ်ပျံသန်းသတိပေးခဲ့ရသည်။

"သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့မှာ ဒီစွမ်းအင်ရှိတာဆိုတာ သိအောင်ပြပြီး ဖြေးဖြေးချင်း အင်အား ကုန်ခမ်းသွားအောင် လုပ်တာပါ" ဟု ကာကွယ်ရေးဝန်ကြီး ချုခိုချန်က လွှတ်တော်အမတ်များ၏ ကြားနာမှုအပြီးတွင် နောက်ဆုံးကျူးကျော်မှုအကြောင်း မေးမြန်းသည့်အပေါ် သတင်းထောက်များကို ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"သူတို့မှာ ဒီစွမ်အားရှိပေမဲ့ ကျုပ်တို့မှာ တန်ပြန်အရေးယူမှုတွေရှိတယ်ဆိုတာကို ကျုပ်တို့ အမျိုးသားတပ်ဖွဲ့တွေက ပြသထားပါတယ်"

ဒီမိုကရေစီနည်းအရအုပ်ချုပ်သော ထိုင်ဝမ်ကျွန်းနှင့် ယင်း၏ ADIZ အနီးတွင် တရုတ်လေလယာဉ်များ ကျူးကျော် ဝင်ရောက်လာသည်မှာ ၁ နှစ် သို့မဟုတ် ပိုမိုကြာမြင့်လာပြီဖြစ်သောကြောင့် မကြာခဏ ကန့်ကွက်ထားသည်။ ADIZ သည် ထိုင်ဝမ်၏ လေကြောင်းပိုင်နက်မဟုတ်ဘဲ မည်သည့် ခြိမ်းခြောက်မှုကိုမဆိုတုံ့ပြန်ရန် အချိန်ပိုရစေရန် ကင်းလှည့်မှုများကို စောင့်ကြည့်နေသည့် ပိုမိုကျယ်ပြန့်သော ဧရိယာဖြစ်သည်။

ထိုင်ဝမ်ကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး အင်အားသုံး သိမ်းပိုက်ခြင်းမပြုကြောင်း ဆိုသော်လည်း ထိုင်ဝမ်က တရုတ်၏ လှုပ်ရှားမှုများကို “မီးခိုးရောင်ဇုန်” စစ်ပွဲဟု ခေါ်ဆိုသည်။

အလွန်အရေးကြီးသည့် အခြေအနေဟု သတ်မှတ်ထားသည့် ကာကွယ်ရေးဝန်ကြီးက ထိုင်ဝမ်သည် အနာဂတ်အစီအစဉ်များကို ချမှတ်နိုင်ရန် တရုတ်က အသုံးပြုသည့် လေယာဉ်အမျိုးအစားများကို လေ့လာသုံးသပ် သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်၏ နောက်ဆုံးဝင်ရောက်လာမှုတွင် တိုက်လေယာဉ် ၁၈ စင်းနှင့် နျူကလီးယား စွမ်းရည်ရှိသော H-6 ဗုံးကြဲလေယာဉ် ၅ စင်းအပြင် ပုံမှန်မဟုတ်သော Y-20 ဝေဟင်ဆီဖြည့်လေယာဉ်များ ပါဝင်ကြောင်း ထိုင်ဝမ် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဗုံးကြဲလေယာဉ်များနှင့် တိုက်ခိုက်ရေးလေယာဉ် ၆ စင်းတို့သည် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ဘာရှစ်ရေလက်ကြားတည်ရှိသည့် ထိုင်ဝမ်တောင်ပိုင်းသို့ ဦးတည်ပျံသန်းခဲ့ကြပြီးနောက် တရုတ်သို့ ပြန်လည် မထွက်ခွာမီ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျံသန်းသွားခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် မြေပုံတစ်ခုတွင် ဖော်ပြထားသည်။

ထိုင်ဝမ်က တရုတ်လေယာဉ်များ အဝေးသို့ ပျံသန်းရန် တိုက်ခိုက်ရေးလေယာဉ်များ စေလွှတ် သတိပေးခဲ့ပြီး ယင်းတို့အား စောင့်ကြည့်ရန် ဒုံးကျည်စနစ်များ တပ်ဖြန့်ထားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly