ကြည့်မြင်တိုင်ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုအပြီး ​ပျောက်ဆုံး​နေ​သော Myanmar Pressphoto Agency ၏ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၏ မိသားစုဝင်နှင့် ဆက်သွယ်မေးမြန်းချက်

By ဂန္ဒမာ
06 December 2021
ကြည့်မြင်တိုင်ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုအပြီး ​ပျောက်ဆုံး​နေ​သော Myanmar Pressphoto Agency ၏ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၏ မိသားစုဝင်နှင့် ဆက်သွယ်မေးမြန်းချက်

ဒီဇင်ဘာ ၅

ရန်ကုန်၊ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် ဆန္ဒပြသူများကို စစ်ကောင်စီတပ်က နောက်မှကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူငါးဦးသေဆုံးကာ အနည်းဆုံး ၁၂ ဦးဒဏ်ရာရကာ ၁၅ ဦးဖမ်းဆီးခံရသည်ဟု သတင်းများထွက်​ပေါ်လျက်ရှိသည်။

သပိတ်စစ်​ကြောင်းတွင် လိုက်ပါသတင်းယူခဲ့သည့် Myanmar Pressphoto Agency (MPA) ၏ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ဖမ်းခံရသည့် သတင်းထောက်နှစ်ဦးမှာ ယခုအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း MPA သတင်းဌာနက ထုတ်ပြန်ထားသည်။

အဆိုပါအ​ကြောင်းအရာနှင့် ပတ်သက်ပြီး မမှူးရတနာခက်မို့မို့ထွန်း၏ မိသားစုဝင်ကို မဇ္စျိမ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။

Q1; မနက်က ကြည့်မြင်တိုင် ဆန္ဒပြပွဲမှာ အမ ညီမလည်း ပါတယ်။ ဖမ်းဆီးခံရတယ်လို့လည်း သိရတယ်။ ဖမ်းခံရတယ်ဆိုတာ မိသားစုက ဘယ်လိုသိလဲ ပြောပြပေးပါဦး။

A1; မနက်ကဖုန်းဆက်​တော့ ဖုန်းတစ်လုံးက​တော့ လုံးဝဆက်သွယ်လို့မရဘူး​ပေါ့​နော်၊ သူ့အ​ကောင့်​တွေဘာ​တွေကလည်း Deactivate လုပ်ထား​တော့ ​အော်...စိတ်ထဲမှာ​တော့ နည်းနည်း​တော့ ​အေးသွားတာ​ပေါ့​နော်။ ထွက်​ပြေးလို့များလွတ်လို့လား​ပေါ့​နော်။ တ​ဖြေး​ဖြေးနဲ့ ကိုယ်က ​နောက်ထပ်ဖုန်းတစ်လုံးကို ဆက်ကြည့်တဲ့အခါကြ​တော့ ဖုန်းက​တော့ဝင်​နေတယ်။ ဝင်​နေပြီးမကိုင်ဘူးကြ​တော့ သူ​ရှောင်​နေတာဆိုပြီး​တော့ပဲ ကိုယ်က​ပေါ့​​ပေါ့​လေးပဲ ​တွေးလိုက်မိတယ်။ ၁၁ နာရီ​​လောက်​ရောက်တဲ့အခါကြ​တော့ ဖုန်းကလုံးဝ အဆက်အသွယ်မရ​တော့ဘူး။ ပုံ​တွေလည်းတက်လာ​တော့​ တော်​တော်​လေးလည်း ကိုယ့်အစ်မအတွက်ကို စိုးရိမ်တယ်​ပေါ့​နော်။

Q2; သူက ဘယ်အချိန်က အိမ်ကထွက်သွားတာလဲ။ အမတို့ အတူနေတာလား။

A2; အတူမ​နေတာ​တော့ ​တော်​တော်ကြာပြီရှင့်။ ကိုယ်​တွေကနယ်ဘက်ကဆို​တော့ ကိုယ်ကကိုယ့်ဘာသာကိုယ်နယ်ဘက်မှာပဲ​နေ​ပေါ့​နော်။ သူကတစ်နှစ်မှတစ်ခါ နှစ်နှစ်မှတစ်ခါပဲပြန်လာတယ်ရှင့်။

Q3; သူ ဆန္ဒပြပွဲသွားမယ်ဆိုတာကို သိလား။ ဘာတွေပြောသွားသေးလဲ။

A3; အရင်ကဆိုရင် သူသွား​တော့မယ်၊ လိုက်ရိုက်ရ​တော့မယ်ဆိုရင် အမြဲတမ်းဖုန်းဆက်​ပေးတယ်၊ ကိုယ်ကလည်း ဒီကအမြဲတမ်းဆု​တောင်း​ပေးတယ်။ ပြန်​ရောက်ပြီဆိုလို့ရှိရင်လည်း ပြန်​ရောက်ပြီဆိုတဲ့အ​ကြောင်းအမြဲ​ပြော​ပေးတယ်​ပေါ့​နော်။ အခု​တစ်​ခေါက်က​​တော့ လုံးဝကိုအဆက်အသွယ်မရဘူး။

Q4; ဘယ်အချိန်ကစပြီး အဆက်အသွယ်မရတော့တာလဲ။

A4; ၁၁နာရီမတိုင်ခင်တည်းက၊ အရင်ဆိုရင်ဘယ်သွားသွား​ပေါ့​​နော် ဖုန်းဆက်​နေကြ၊ အခုကြ​တော့ မနက်မိုးလင်းထဲက​နေ ဖုန်းလည်းမဆက်ဘူး၊ လုံးဝမဆက်ဘူး။ ကိုယ်ကစိုးရိမ်လို့ဆက်​တော့လည်း လုံးဝအဆက်အသွယ်မရဘူး အခုအချိန်ထိပဲ။

Q5; အမ ညီမအကြောင်း နည်းနည်းပြောပြပါလား။

A5; ညီမ​လေးတို့က ငယ်ငယ်​လေးထဲက အ​မေနဲ့ပဲ​နေခဲ့ရတာ၊ ညီမတစ်သက်ပဲ။ သူကသမီးကြီးဆို​တော့ တစ်အိမ်လုံးလည်းအားကိုးတာ​ပေါ့၊ ညီမမှာလည်းအစ်မဆိုလို့ သူပဲရှိတာ​ပေါ့​နော်။ ညီအစ်မနှစ်​ယောက်ထဲပဲရှိတာ။ ဆက်သွယ်လို့မရ​တော့ ​တော်​တော်​လေးကိုစိုးရိမ်​​နေကြတယ် တစ်အိမ်လုံးက။

Q6; သူဖမ်းခံရတယ်ဆိုတာကို ဘယ်သူက အကြောင်းကြားတာလဲ။

A6; သူ့သူငယ်ချင်းတစ်​​ယောက်က ပါသွားတာ​သေချာတယ်လို့​ပြောတယ်​ပေါ့​နော်၊ ပါသွားတာ​သေချာလား ဘယ်ကိုလိုက်ရမှာလဲ ဖုန်းဆက်ပြီး​မေးတဲ့အချိန်မှာကြ​တော့ ဘယ်ထဲပါလို့ပါသွားမှန်းလည်းမသိဘူး၊ ဘယ်လိုအ​ခြေအ​နေမှာ​ရောက်​နေမှန်းလည်းမသိဘူး​ ၅၀၊ ၅၀ စီပဲ အဖမ်းခံရတာလား၊ ​သေဆုံးတဲ့အထဲပါတာလား။ ညီမတို့ကိုအဲ့လိုမျိုး​ပြော​တော့ ပိုပြီး​တော့ စိုးရိမ်တာ​ပေါ့ မမြင်ရတဲ့အခါကြ​တော့၊ အခုကဘာအ​ကြောင်းမှကို ဘယ်အဖွဲ့အစည်းမှလည်း လာပြီး​တော့ ​ပြောခြင်းလည်းမရှိဘူး။ သူတို့ရဲ့ကုမ္ပဏီကလည်း ဘာမှ​ပြောကြားခြင်းလည်းမရှိဘူး​ပေါ့​နော်။ ဘယ်လိုပါသွားတယ်။ ဘယ်လိုဘယ်လိုလိုက်ရင်​တော့ရတယ်ဆိုတဲ့ အဆက်ဆက်ကို ကွင်းဆက်ကို ညီမတို့​တော့ ဘယ်က​နေစပြီး ဘယ်လိုလုပ်ရမှန်းကို မသိ​တော့ဘူး။ နယ်မှာလည်း​နေ​တဲ့အတွက်​ကြောင့်မို့ ရန်ကုန်လိုက်လာဖို့ကို စီစဥ်ရတယ်​ပေါ့​နော်။ အခုအချိန်မှာ​တော့။

ညီမ​လေးတို့ကို​တောင်မှ သူဘယ်သူနဲ့ဘယ်လို​တွေချိတ်ဆက်လုပ်​နေတယ်ဆိုတာ လုပ်ငန်းပိုင်းဆိုင်ရာ​​တွေကို ဘာမှပြောပြထားပါဘူး။ သူဒီအလုပ်လုပ်​နေတယ်၊ ဒီလို​တွေလိုက်ရိုက်​နေတယ်ဆိုတာ​လောက်ပဲသိရတယ်ရှင့်။

ညီမ​လေးတို့က​တော့ သတင်းတစ်ခုဆိုတစ်ခု ​သေ​သေချာချာသိချင်တာ​ပေါ့​နော်။ ကိုယ်ကလည်း အဲ့​တော့မှ ဘာလုပ်ရမလဲ၊ ​နောက်က​နေလိုက်ရမှာလား ဘယ်ကိုလိုက်လို့လိုက်ရမှာလည်းဆိုတာလည်း စုံစမ်းလို့ရမှာ​ပေါ့​​နော်။

Q7; အခုဖြစ်စဉ်အပေါ် မိသားစုဝင်တစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

A7; အပြစ်မရှိတဲ့သူ​တွေကိုလိုက်သတ်ပြီး​​တော့ သူတို့စားဝင်အိပ်​ပျော်တယ်ဆိုထဲက လူစိတ်မရှိဘူးဆိုတာ အ​စထဲကသိပြီးသားပါ။ ဒါ​ပေမယ့် လုပ်တယ်ဆိုတာ သူတို့လိုလက်နက်ရှိတဲ့သူ​တွေလည်းမဟုတ်ဘူး၊ အကာအကွယ်ရှိတဲ့သူ​တွေလည်းမဟုတ်ဘူး။ ဖမ်းတယ်ဆိုလည်း ဖမ်းတယ်ဆိုတဲ့အ​ကြောင်း​​တော့​ပြောပြသင့်တာ​ပေါ့​​နော်။ ကြားထဲက​နေ ဒလန်ရှိလို့ဆိုလည်း အဲ့ဒလန်က​​ရော သူတို့မိသားစုအကျိုးအတွက်ဘာ​တွေများရှိသွားလို့ သူများမိသားစု မျက်ရည်​ပေါက်ကြီးငယ်ကျ​အောင်လုပ်ရတာလဲဆိုတာကို​တော့ လူစိတ်မရှိတဲ့ဟာ​တွေဆို​တော့၊ လူလို့ကိုမ​တွေးပါဘူး အ​စောကြီးထဲက။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required