ကန်ပက်လက်မြို့ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ စစ်တပ်ဘက်တွင် သေဆုံးနှင့်ဒဏ်ရာရသူရှိဟု CDF Kanpatlet ထုတ်ပြန်

By ပါခွီး
05 December 2021
ကန်ပက်လက်မြို့ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ စစ်တပ်ဘက်တွင် သေဆုံးနှင့်ဒဏ်ရာရသူရှိဟု CDF Kanpatlet ထုတ်ပြန်

ဒီဇင်ဘာ ၅

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲ စခန်းချထားသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက် (CDF Kanpatlet) မှ ထုတ်ပြန်သည်။

“ကျွန်‌ေတာ်တို့ ညီအစ်ကိုတွေဖြစ်တဲ့ ထန်တလန်ကအိမ်တွေကို စစ်ကောင်စီက မီးအကြိမ်ကြိမ်ရှို့နေတာတွေအတွက် လက်စားချေတဲ့အနေနဲ့ အခုလိုတိုက်ခိုက်ရတာပါ” ဟု CDF Kanpatletအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၃ရက် နေ့လယ် ၁နာရီမှ ၂နာရီအထိ တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးကျဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရရှိကြောင်းဆိုသည်။

ဒီဇင်ဘာလ ၄ရက် နံနက် ၈နာရီ ၃၀မိနစ်မှ စတင်ပြီး ၄၅မိနစ်အကြာဖြစ်ပွားသော တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သား နှစ်ဦး ထပ်မံကျဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်မ (၉၉) တပ်စွဲထားပြီး အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ရန်အောင်စေတီ ကင်းစခန်းတို့တွင် စုစုပေါင်းအင်အား ၁၅၀ခန့်ရှိကြောင်း CDF Kanpetlet တာဝန်ရှိသူမှပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required