မြိတ်တွင် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ လူ ၅ ဦးကိုဖမ်းဆီး

By ကိုရွှေမြိတ်
05 December 2021
မြိတ်တွင် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ လူ ၅ ဦးကိုဖမ်းဆီး

ဒီဇင်ဘာ ၅

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန် ရပ်ကွက်တွင် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက PDF ကို ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မိသားစုဝင် ငါးဦးကို စစ်ကောင်စီက အင်အားသုံး ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်၌ ဖမ်းဆီးခံခဲ့ရသည့် မိသားစုဝင်များသည် ကျွန်းစုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဂျင်းခရု (သွေးဂုန်း) မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက် အရ သိရသည်။

"သူတို့မိသားစုက ရေကန်တောင်မှာ ဂျင်းမွေးမြူရေး လုပ်နေတာပါ၊ အလုပ်အကိုင် အဆင်ပြေနေတော့ PDF တွေကို ထောက်ပံ့တယ်ဆိုပြီး လာဖမ်းသွားတယ်" ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းမိသာစု နေထိုင်နေသည့် နေအိမ်ကို ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်၊ စစ်ကား သုံးစီးဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required