ပါကစ္စတန်၊ ဘာလိုချီစတန်၌ ဆရာဝန်များကို အကာအကွယ်ပေးရေးနှင့် ဆေးရုံများအတွက် အထောက်အပံ့များ ရရှိရေး တောင်းဆိုဆန္ဒပြ

ပါကစ္စတန်၊ ဘာလိုချီစတန်၌ ဆရာဝန်များကို အကာအကွယ်ပေးရေးနှင့် ဆေးရုံများအတွက် အထောက်အပံ့များ ရရှိရေး တောင်းဆိုဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့တွင် ဆရာဝန်များနှင့် ကျန်းမာရေးအမှုထမ်းများက ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြပြီး ဆရာဝန်များကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်နယ်ရှိ အစိုးရဆေးရုံများတွင် ဆေးကုသမှုဆိုင်ရာ လိုအပ်သည့် အထောက်အပံ့များ ရရှိရေးအတွက် တောင်းဆိုခဲ့ကြကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဆန္ဒပြသူ ၁၉ ဦးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ARY News က ဖော်ပြသည်။

"မနေ့ညက ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုအတွင်း ဆန္ဒပြပွဲကနေ ဆရာဝန်တွေအပါအဝင် လူ ၁၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်၊ သူတို့ကို ဥပဒေအရ အမှုဖွင့်ထားပါတယ်" ဟု ရဲများက ပြောသည်။

အစောပိုင်းက ဘာလိုချီစတန် တရားရုံးချုပ်က ဆန္ဒပြမှုူများ ရပ်ဆိုင်းရန် လူငယ်ဆရာဝန်များ အစည်းအရုံး (YDA) ကို ညွှန်ကြားခဲ့သည်ဟု ARY News က ဖော်ပြသည်။

တချိန်တည်းမှာပင် ပါကစ္စတန်သည် ပိုလီယိုအကြောသေရောဂါ ဖြစ်ပွားလေ့ရှိသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ယင်းနောက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယင်းနိုင်ငံထံ နောက်ထပ်သုံးလကြာ ခရီးသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များ ချမှတ်ခဲ့သည်။

နောက်ဆုံးကျန်ရှိနေသည့် ပိုလိယိုဖြစ်ပွားလေ့ ရှိသည့် နိုင်ငံများစာရင်းတွင် စာရင်းသွင်းခံရမှုကြောင့် တောင်အာရှနိုင်ငံအပေါ် ကုလအေဂျင်စီက ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ချက်များ တိုးချဲ့ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Daily Pakistan က ဖော်ပြသည်။

ပါကစ္စတန်တွင် စောင့်ကြည့်ထောက်လှမ်းမှုဆိုင်ရာ လေ့လာသုံးသပ်ချက်တစ်ရပ် ပြီးစီးခဲ့ပြီး ယင်း လေ့လာသုံးသပ်မှုအရ ယင်းနိုင်ငံ၌ ပိုလီယိုဗိုင်းရပ်စ် (WPV1) ရှာဖွေတွေ့ရှိမှု ခိုင်လုံသည်ဆိုသည့် မြင့်မားသည့် အလားအလာဖြစ်နိုင်ခြေတစ်ခုကို တွေ့ရှိခဲ့သည်ဟု အကြိမ် ၃၀ မြောက် ပိုလီယို IHR အရေးပေါ်ကော်မတီက မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly