ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာရှိ မိုင်တဲ တာဝါတိုင်ကို ဒေသခံကာကွယ်ရေးအဖွဲ့ ဖျက်ဆီး

03 December 2021
ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာရှိ မိုင်တဲ တာဝါတိုင်ကို ဒေသခံကာကွယ်ရေးအဖွဲ့ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာရှိ မိုင်တဲ တာဝါတိုင်ကို ယမန်နေ့ ဒီဇင်ဘာလ ၂ ရက် ည ၁၀ နာရီတွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ရေဦးမြို့နယ် အခြေစိုက် ဝေဟင်စွန်ရဲ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"တိုင်ကတော့ ဘေးကအိမ်တွေနဲ့ မလွတ်လို့ မဖျက်ခဲ့ရဘူး။ မီးစက်တွေ အားလုံးကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဘက်ထရီအိုးတွေကိုတော့ သိမ်းလာခဲ့တယ်။ စစ်တပ်က အသုံးပြုနေတဲ့ အရာတွေ၊ ထောက်တိုင်တွေကို ဘယ်လို နည်းလမ်းနဲ့မဆို ဖျက်ဆီးတိုက်ခိုက်သွားမှာပါ " ဟု အဆိုပါ အဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

ဝေဟင်စွန်ရဲအဖွဲ့သည် တိုက်ခိုက်ရေးပိုင်းကို ဦးစားပေး လုပ်ဆောင်နေပြီး မိုင်တဲ တာဝါတိုင် ဖျက်ဆီးခြင်းသည် ယခု ပထမဆုံးအကြိမ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်များ ဖျက်ဆီး ခံနေရပြီး ရေဦးမြို့နယ်တွင် မိုင်တဲတာဝါတိုင် ၁၀ တိုင်ထက်မနည်း ဖျက်ဆီးခံထားရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly