ရေဖြူမြို့နယ် လှည်းကုန်း ရွာသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

By ကိုရွှေမြိတ်
30 November 2021
ရေဖြူမြို့နယ် လှည်းကုန်း ရွာသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

နိုဝင်ဘာ ၃၀

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ လှည်းကုန်းကျေးရွာရှိ ဒေသခံ ရွာသား နှစ်ဦးကို စစ်ကောင်စီ တပ်များက ယနေ့ နိုဝင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀တွင် ဖမ်းဆီး သွားကြောင်း ဒေသခံ ရွာသားများထံက သိရသည်။

လှည်းကုန်း (၁) ရပ်ကွက်နေ ဦးလယ်လယ်နှင့် လှည်းကုန်း (၂) ရပ်ကွက်နေ ဦးနေလင်းအောင်သည် ၎င်းတို့၏ နေအိမ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

"လာဖမ်း တာတော့ မမြင်လိုက်ဘူး။ နောက်မှပါသွားပြီ ဆိုတာ သိရတယ်။ ဖမ်းခံရသူ နှစ်ဦးက အေးဆေး နေတက်သူတွေ "ဟု လှည်းကုန်းရွာသား တစ်ဦးက ပြောသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ဆိုသည်ကိုမူ မသိရှိရသေးပေ။

၎င်းတို့ နှစ်ဦးကို ကံပေါက်ဒေသရှိ မောရဝတီ ရေတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required