အိုမန်နိုင်ငံက ရည်မှန်းချက်-၂၀၄၀ အောင်မြင်ရေးအတွက် အိန္ဒိယနှင့် မိတ်ဖက်ဆက်ဆံရေးကို လိုလား

အိုမန်နိုင်ငံက ရည်မှန်းချက်-၂၀၄၀ အောင်မြင်ရေးအတွက် အိန္ဒိယနှင့် မိတ်ဖက်ဆက်ဆံရေးကို လိုလား

အိုမန်နိုင်ငံ၏ အိန္ဒိယ၏ အနောက်အာရှ မူဝါဒတွင် အဓိက ထောက်တိုင်တစ်ခုဖြစ်သလို ဒေသတွင်း သက်တမ်းအကြာရှည်ဆုံး မိတ်ဖက်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ ရေတပ်အချင်းချင်း မိတ်ဖက်ဆက်ဆံရေး တိုးချဲ့နိုင်ရန် ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယခုနှစ်အတွင်း ပြန်လည်ရေးထိုးထားသည်။

အိုမန်နိုင်ငံ၏ ၎င်း၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ‘ရည်မှန်းချက်-၂၀၄၀’ (Vision -2040) ကို ကြေညာလိုက်သလို အိန္ဒိယနိုင်ငံမှ ဆိပ်ကမ်းအခြေခံအဆောက်အအုံနှင့် အထူးစီးပွားရေးဇုန်များ အပါအဝင် ကဏ္ဍအများအပြား၌ လာရောက်ရင်းနှီးမြှုပ်နှံစေရန် လိုလားလျက်ရှိကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ အိုမန်သံအမတ်ကြီးက The Economic Times သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ယခုနှစ်တွင် အိုမန်နှင့် အိန္ဒိယနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် ၆၅ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ အစဉ်အဆက်အားဖြင့် နွေးထွေးရင်းနှီးသည့် ဆက်ဆံရေးရှိသလို နက်ရှိုင်းသည့် သမိုင်းကြောင်းရှိသလို ပြည်သူအချင်းချင်း ဆက်ဆံရေးသည်လည်း ခိုင်မြဲနေသည်။

အာရေဗျပင်လယ်သည် နှစ်နိုင်ငံစလုံးအား ပထဝီအရသော်လည်းကောင်း၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရသော်လည်းကောင်း ဆက်စပ်နေသလို ပင်လယ်ပြင် ကုန်သွယ်ရေးကဏ္ဍတွင်လည်း သမိုင်းအစဉ်အဆက်အရ လုပ်ဆောင်ခဲ့သည်။

ပြည်သူအချင်းချင်း ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ခန့်ကစတင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသလို သံတမန်ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်တွင် စတင်ခဲ့သည်။ နှစ်နို်ငငံဆက်ဆံရေးကို မဟာဗျူဟာ မိတ်ဖက်အဆင့်သို့ ၂၀၀၈ ခုနှစ်တွင် တိုးမြှင့်ခဲ့သည်။

ဆူလတန်ကာဗော့စ်သည် အိုမန်နိုင်ငံ၏ အမြှော်အမြင်ကြီးသော ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး သူ၏ ‘မျှတစွာလုပ်ဆောင်ခြင်းနှင့် ကြားဝင်ဖျန်ဖြေပေးခြင်း’ စုံတွဲ မူဝါဒကြောင့် ၎င်းကို ကမ္ဘာ့နိုင်ငံများက ချီးမွမ်းလေးစားခဲ့ကြသည်။ ဒေသတွင်း ငြင်းခုံမှုများနှင့် ပြဿနာဖြစ်ပွားမှု အမျိုးမျိုးတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူ၏ အရိုက်အရာကို လက်ရှိစူလတန်ဖြစ်သည့် ဟေတန်ဘင်တာရစ်က ကောင်းစွာ ဆက်ခံနိုင်ခဲ့သည်။

အိန္ဒိယနှင့် အိုမန်နိုင်ငံတို့အကြား အထူးဆက်ဆံရေး၏ ဗိသုကာသမားသည် ဆူလတန်ကာဗော့စ်ဖြစ်သည်။ ၎င်း၏ ခေါင်းဆောင်မှုအောက်တွင် နှစ်နိုင်ငံသည် မဟာဗျူဟာ မိတ်ဖက်များ ဖြစ်လာကြသည်။

နှစ်နိုင်ငံအကြား ဆက်ဆံရေး၌ ဆူလတန်ကာဗော့စ်၏ စွမ်းဆောင်မှုများကို ၎င်း ကွယ်လွန်စဉ်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားရာတွင် ၎င်းသည် အိန္ဒိယ၏ မိတ်ဆွေစစ်ဖြစ်သလို မဟာဗျူဟာ ဆက်ဆံရေးထူထောင်နိုင်ရန်လည်း ကောင်းစွာ ဦးဆောင်နိုင်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆူလတန်ဟောင်း၏ ပြိုင်ဖက်ကင်းသော အမြှော်အမြင်နှင့် ခေါင်းဆောင်မှု အရည်အချင်းကြောင့် ၎င်းအား ၂၀၂၁ ခုနှစ်အတွင်း ဂန္ဓီငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly