နိုဝင်ဘာလ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအနီးမှာ နိုဝင်ဘာ ၂၇ ရက် ညနေက လေကြောင်းကနေ ရဟတ်ယာဉ် ငါးစီး အသုံးပြုပြီး ပစ်ခတ်တာ၊ မြေပြင်မှာ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာတွေလုပ်ခဲ့တယ်လို့ ဒီပဲယင်း PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ညောင်လှကျေးရွာအုပ်စု ကျေးရွာ ၁၂ ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး ကျဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိထားကြောင်းလည်း သိရပါတယ်။
အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒီပဲယင်း PDF တာဝန်ရှိသူတစ်ဦးကို မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။