လယ်ယာဥပဒေ ၃ ခုအား ရုပ်သိမ်းရန် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ပြည်ပရောက် အိန္ဒိယနိုင်ငံသားများ ကြိုဆို

လယ်ယာဥပဒေ ၃ ခုအား ရုပ်သိမ်းရန် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ပြည်ပရောက် အိန္ဒိယနိုင်ငံသားများ ကြိုဆို

အိနိ္ဒယအစိုးရက လယ်ယာမြေဥပဒေ ၃ ခုအား ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် ပြည်ပရောက် အိန္ဒိယနွယ်ဖွားများက ကြိုဆိုလိုက်ကြသည်။

ယင်းကဲ့သို့ ရုပ်သိမ်းလိုက်ခြင်းသည် ပန်ဂျပ်၊ ဟာယာနာနှင့် အခြား ပြည်နယ်အများအပြားမှ လယ်သမားများအတွက် ကျေနပ်မှု ဖြစ်စေကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

လယ်ယာမြေဥပဒေကို ကန့်ကွက်ဆန္ဒပြသူများတွင် ပန်ဂျပ်ပြည်သူများလည်း ပါဝင်ပြီး ၎င်းတို့က အစိုးရ၏ ယခုဆုံးဖြတ်ချက်ကို ဝမ်းမြောက်လျက်ရှိကြသည်။

စိုက်ပျိုးရေး လုပ်ငန်း ပိုမိုလုံခြုံလာပြီး သဘောထားအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်အပေါ် ခွင့်ပြုပေးသည်ဟု ခံစားရကြောင်း ၎င်းတို့က ပြောကြားသည်။

လယ်ယာမြေဥပဒေအား ရုပ်သိမ်းပေးမည်ဟု ကြေညာလိုက်သည့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အစိုးရအနေဖြင့် လယ်သမားမျာ၏ အကျိုးစီးပွားကို ဦးစားပေးထားရှိကြောင်းနှင့် လယ်အနည်းငယ်သာ ပိုင်ရှင်သူများ အကျိုးအမြတ်ရှိစေရန် အစိုးရက လုပ်ဆောင်နေကြောင်း ပြောကြားသည်။

ဆစ်ခ်ဘာသာအား စတင်ထူထောင်ခဲ့ပြီး ဆစ်ခ်သူတော်စင် ၁၀ ဦးအနက် ပထမဆုံးဖြစ်သည့် ဂုရုနာနက်ခ်၏ ၅၅၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကာတာပူရ် စင်္ကြံလမ်းပိုင်းအား ဖွင့်လှစ်ပေးလိုက်ခြင်းအပေါ် ပြည်ပရောက် ပန်ဂျပ်လူမျိုးများက ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြသည်။ အဆိုပါ လမ်းသည် အိန္ဒိယနို်ငငံနှင့် ပါကစ္စတန်နိုင်ငံ ဒါဘာဆာဟစ်ဂက်ဝါရာ ဒေသတို့ကို ချိတ်ဆက်ပေးထားသည်။

အိန္ဒိယအစိုးရ၏ ယခုဆုံးဖြတ်ချက်များအပေါ် ကနေဒါနှင့် အမေရိကန်ရောက် လူငယ်များက ပျော်ရွှင်ကြောင်း ဖော်ပြသည့် ဗီဒီယိုဖိုင်များကို အင်တာနက်ပေါ်တွင် တွေ့မြင်ရသည်။

အဆိုပါ ဆုံးဖြတ်ချက်များကို ကြိုဆိုသူများတွင် ကနေဒါနိုင်ငံ၏ ဒီမိုကရက်တစ် ပါတီသစ် ဂျမက်ဆင်းလည်း ပါဝင်ခဲ့သည်။

ဗြိတိန်နိုင်ငံတွင်လည်း ဆောက်ဟောပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗီရင်ဒရာ ရှာမာက “ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး လယ်ယာမြေဥပဒေကိစ္စကို ပြန်လည်သုံးသပ်တဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ စနစ်တွေကို ပြောင်းလဲဖို့ နိုင်ငံအတွင်း အပြောင်းအလဲတွေ လုပ်ဆောင်တာတွေဟာ အိန္ဒိယအစိုးရအတွက် မှန်ကန်ပါတယ်။ အချို့ဟာတွေကိုလည်း မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်နေပါသေးတယ်။ အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့သူတစ်ဦးအနေနဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်တာကို မြင်ချင်ပါတယ်။ ရည်မှန်းချက်ကြီးမားတဲ့ နိုင်ငံတကာ စာချုပ်တွေမှာ ဗြိတိန်နဲ့ အိန္ဒိယတို့အကြား ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly