ဟိုဖိတ်ကျေးရွာတိုက်ပွဲတွင် ကျဆုံးသွားသော KNDF ရဲဘော် ၄ ဦး၏ နောက်ဆုံးခရီး

ဟိုဖိတ်ကျေးရွာတိုက်ပွဲတွင် ကျဆုံးသွားသော KNDF ရဲဘော် ၄ ဦး၏ နောက်ဆုံးခရီး

နိုဝင်ဘာ ၂၇

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်အုပ်စုရှိ ဟိုဖိတ်ကျေးရွာအနီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးသွားသော KNDF ရဲဘော်လေးဦး၏ ဈာပနအခမ်းအနားကို ယမန်နေ့နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီဒေသကာကွယ်ရေး KNDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဟိုဖိတ်ကျေးရွာသား ဒေသခံ ခုနှစ်ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် အသုံးပြုခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်ရေးတိုက်ပွဲ၌ အသက်ပေးသွားခဲ့သော ရဲဘော်တို့၏ စျာပနခရီးအား ဆွေမျိုးသားချင်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူများ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required