တောင်ဒဂုံ (၅၄) ရပ်ကွက်ရှိ ဒလန်ဟုစွပ်စွဲခံရသူ အမျိုးသား သေနတ်ဖြင့် ပစ်ခတ်ခံရ

By ဂန္ဒမာ
26 November 2021
တောင်ဒဂုံ (၅၄) ရပ်ကွက်ရှိ ဒလန်ဟုစွပ်စွဲခံရသူ အမျိုးသား သေနတ်ဖြင့် ပစ်ခတ်ခံရ

နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ( ၅၄) ရပ်ကွက် ပုဂံလမ်းမပေါ်၌ ဒလန်ဟု စွပ်စွဲခံရသူအမျိုးသားတစ်ဦး ယနေ့ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"သူ့နာမည်က ကျော်ရဲအောင်ပါ။ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်) သတင်းပေး အင်ဖော်မာလို့ နာမည်ကြီးပါတယ်။ ပုဂံလမ်းမပေါ် စူပါမင်းမှတ်တိုင်အနားမှာ သူ့စက်ဘီးပြင်ဆိုင် ရှိပါတယ်။ သူ့အိမ်ရှေ့မှာ သူ့ဆိုင်ပါ။ အဲ့ဒီမှာပဲ သူ့ကို လေးချက်တိတိပစ်ခဲ့တာပါ။ သူ့ကို စောင့်ကြည့်နေတာ ကြာပါပြီ။ သူ ဒလန်သတင်းပေးလုပ်တာ တစ်ရပ်ကွက်လုံး သိတယ်။ သူ့ကြောင့် (၅၄) ရပ်ကွက်က အိမ်တွေ ဝင်မွှေခံရတာရှိပြီး အဖမ်းခံခဲ့ရတဲ့သူတွေလည်း ရှိတယ်"ဟု ပစ်ခတ်ခဲ့သည့် အမည်မဖော်လိုသောအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ဆက်သွယ်သတင်းပို့သည်။

ပစ်ခတ်ခံရသူမှာ သေနတ်ဒဏ်ရာ လေးချက် ရရရှိသည်ဟုသိရပြီး အသက်သေဆုံးမှု ရှိ၊ မရှိကို မသိရသေးပေ။

လက်ရှိအချိန်တွင် အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်သား အင်အ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly