ပါကစ္စတန်က ကက်ရှ်မီးယားသို့ စစ်သွေးကြွများအပြင် မူးယစ်ဆေးများပါ ပို့ဆောင်နေဟု ဆို

By India Blooms
26 November 2021
ပါကစ္စတန်က ကက်ရှ်မီးယားသို့ စစ်သွေးကြွများအပြင် မူးယစ်ဆေးများပါ ပို့ဆောင်နေဟု ဆို

ပါကစ္စတန်သည် ဂျမူးနှင့် ကက်ရှ်မီးယားသို့ အကြမ်းဖက်သမားများ ပို့ဆောင်ရုံတင်မကဘဲ ယခုရက်များအတွင်း ဟိမဝန္တာဒေသသို့ မူးယစ်ဆေးများပါ ပို့ဆောင်နေသည်ဟု သတင်းမီဒီယာများက ဖော်ပြသည်။

ယင်းပုံစံအရ အိန္ဒိယ၏ အိမ်နီးချင်း ပါကစ္စတန်သည် ဂျမူးနှင့် ကက်ရှ်မီးယားကို မူးယစ်ဆေး ရောင်းသူများနှင့် မူးယစ်ဆေးစွဲသူများအတွက် ခိုလှုံရာ နေရာတစ်ခုဖြစ်စေရေး လုပ်ဆောင်ရင်း ပဋိပက္ခကို ဆက်လက်အသက်ဝင်နေစေရန် ဆန္ဒရှိနေသည်မှာ ပေါ်လွင်ထင်ရှားပြီး ကြားခံစစ်တွင် ပါကစ္စတန် မူးယစ် မာဖီးယားအဖွဲ့ ပူးပေါင်းပါဝင်လာခြင်းက အားလုံးအတွက် သတင်းကောင်း မဟုတ်ကြောင်း Bhaskar Live က ဖော်ပြသည်။

အမုန်းတရားဖြစ်စေရန် လှုံ့ဆော်နိုးဆွသူများက ကက်ရှ်မီးယားသားများကို ပိုမိုသေဆုံးစေရန် ဆန္ဒရှိနေသည်ဟု ယင်းက ညွှန်ပြနေသည်။ လွတ်မြောက်မှု အိပ်မက်ဆိုင်ရာ အတွေးမှား အယူမှားများကို ရောင်းစားပြီးနောက် ပါကစ္စတန်သည် ယခုအခါ ကက်ရှ်မီးယား လူငယ်ထုထံ မူးယစ်ဆေးများ စတင်ရောင်းချနေပြီဖြစ်ကြောင်း သတင်းဌာနက ဖော်ပြသည်။

ပါကစ္စတန်သည် ကက်ရှ်မီးယား လူငယ်ထုကို မူးယစ်ဆေးစွဲစေရန် ကြိုးပမ်းလျက် ရှိကြောင်း ဂျမူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့အကြီးအကဲ ဒီလ်ဘတ် ဆင်းန်က မကြာသေးခင်က စွပ်စွဲပြောဆိုခဲ့သည်။

"သူတို့ (ပါကစ္စတန်) ဟာ ပန်ဂျပ်ဘ်မှာ ကစားခဲ့တဲ့ အလားတူ ညစ်ပတ်တဲ့ ကစားပွဲတစ်ခုကို ထပ်လုပ်နေပါတယ်၊ ပထမပိုင်းမှာ လက်နက်ကိုင် လေ့ကျင့်ပေးမှုတွေ လုပ်တယ်၊ နောက်ကျတော့ လူငယ်တွေကို မူးယစ်ဆေးနဲ့ ဖျက်ဆီးတာဖြစ်ပါတယ်" ဟု ဆင်းန်က Bhaskar Live ကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly