ပုလဲမြို့နယ်တိုက်ပွဲ ရဲ ၂ ဦးသေဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဆို

ပုလဲမြို့နယ်တိုက်ပွဲ ရဲ ၂ ဦးသေဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဆို

နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကြောင်ဝင်ဒူး ကျေးရွာမှ ပြန်လာသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရဲ နှစ်ဦး ကျဆုံးသွားသည်ဟုပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" ဒီကောင်တွေက ကန့်ဒေါင့်မြောက်ဘက်က ကြောင်ဝင်ဒူးရွာကို သွားခြိမ်း‌ခြောက်ပြီး ပြန်လာတဲ့ အချိန် ကျွန်တော်တို့က လမ်းမှာ စောင့်ပြီး ပစ်တာ။ အပြန်အလှန် ပစ်တာတော့ ခဏပဲ။ မိနစ်ပိုင်း လောက်ပဲ။ သူတို့ဘက်က အထူးရဲ နှစ်ယောက် သေတယ် "ဟု ဗိုလ်နဂါးက ပြောသည်။

ကန့်ဒေါင့်ကျေးရွာ စာသင်ကျောင်း၌ စစ်ကောင်စီ တပ်သားများနှင့် အထူးရဲများ ပူးပေါင်းကာ တပ်စွဲ ထားသည်မှာ နှစ်လနီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ကြောင်ဝင်ဒူး ကျေးရွာရှိ နေအိမ်များကိုလည်း စစ်ကောင်စီ တပ်သားများက ယနေ့ မီးရှို့သွားသည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly