ဝီဂါများအပေါ် တရုတ်က ဖိနှိပ်ချုပ်ချယ်မှုများရှိကြောင်း သက်သေအထောက်အထားသစ်များက ဖော်ပြနေ

ဝီဂါများအပေါ် တရုတ်က ဖိနှိပ်ချုပ်ချယ်မှုများရှိကြောင်း သက်သေအထောက်အထားသစ်များက ဖော်ပြနေ

တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ အကျဉ်းစခန်းများတွင် ဝီဂါမွတ်စလင်လူနည်းစုဝင်များကို စောင့်ကြည့်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နှောင့်ယှက်ခြင်းများကို ပြသနေသည့် အထောက်အထား အသစ်များ ထွက်ပေါ်လာ သည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံအနောက်ဘက်စွန်းဒေသသို့ သွားရောက်ပြီး ၂၀၂၀ ခုနှစ်တွင်ပြန်လာခဲ့သည့် ဂွမ်ဂွမ်အမည်ရှိ လူတစ်ဦးသည် မိနစ် ၂၀ ကြာမြင့်သော ဗီဒီယိုဖိုင်တစ်ခုကို ရိုက်ကူးခဲ့သည်။ သူသည် ထိုနေရာရှိ စခန်းအချို့၏ တည်နေရာကို ဖော်ပြထားသည့် BuzzFeed အမေရိကန်သတင်းမှ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီးနောက် ထိုသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း RFA က ဖော်ပြသည်။

"တရုတ်အစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် နိုင်ငံခြား သတင်းထောက်တွေဟာ အင်တာဗျူးအတွက် ရှင်ကျန်းကို ဝင်ခွင့်ရဖို့ ခက်ပါတယ်။ နိုင်ငံခြားသတင်းထောက်တွေ မသွားနိုင်ပေမယ့် ငါသွားလို့ရနိုင်တာပဲဆိုပြီး ကျွန်တော်တွေးလိုက်ပါတယ်" ဟု ဂွမ်ဂွမ်ကဆိုသည်။

ဗီဒီယိုတွင် အင်္ဂလိပ်စာတန်းထိုးများပါဝင်ပြီး အောက်တိုဘာလအစောပိုင်းတွင် YouTube ပလပ်ဖောင်းပေါ်သို့တင်ခဲ့သည်။

ဗီဒီယိုအဖွင့်တွင် ဂွမ်ဂွမ်က တရုတ်အစိုးရသည် ရှင်ကျန်းတွင် အကျဉ်းစခန်းများစွာကို ထူထောင်ထားပြီး ဒေသခံတိုင်းရင်းသားများနှင့် အတိုက်အခံများကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အကျဉ်းချထားကြောင်း ပြောသည်။ ဗီဒီယိုတွင် ကူမာလ်၊ မိုရီကာဇက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကောင်တီ၊ အူရမ်ကီနှင့် အခြားနေရာများစွာမှ ဗီဒီယိုများအပါအဝင် ရှင်ကျန်းရှိ မတူညီသော ဒေသများမှ မြင်ကွင်းများ ပါဝင်သည်။

ရှင်ကျန်းအရှေ့ပိုင်းရှိ ဟာမီတွင် ဂွမ်ဂွမ်သည် Hami မူးယစ်ဆေးဝါးဖြတ် ပြန်လည် ထူထောင်ရေးစင်တာဘေးမှ ဖြတ်သန်းမောင်းနှင်လာပြီး စခန်းသည် အကျဉ်းစခန်းဟု သံသယရှိခဲ့ကာ အဆောက် အအုံ၏ပြတင်းပေါက်များတွင် ဘားတန်းများနှင့် ခြံစည်းရိုးများတစ်လျှောက်တွင် ဝါယာဆူးကြိုးများကို တွေ့ရသည်။

အူရမ်ကီတွင် ဂွမ်ဂွမ်သည် ကင်းမျှော်စင်များနှင့် သံဆူးကြိုးပါ မြင့်မားသည့် ခြံစည်းရိုးများရှိသော အဆောက်အအုံများစွာရှိသည့် လမ်းတစ်လမ်းကို မောင်းနှင်သွားသည်ဟု Free Asia သတင်းဌာနက ဖော်ပြသည်။

"ဒါက အူရမ်ကီဧရိယာမှာ အကြီးဆုံး အကျဉ်းစခန်း ဖြစ်ရမယ်" ဟု ၎င်းက ဆိုသည်။ Early this year, the United States become the first country in the world to declare the Chinese actions in Xinjiang as "genocide".

ယခုနှစ်အစောပိုင်းတွင် အမေရိကန်သည် ရှင်းကျန်းရှိ တရုတ်၏လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကြေညာသော ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly