တရုတ်အပေါ် ကမ္ဘာ့နိုင်ငံများ၏ အပြုသဘောအမြင်များ ကျဆင်းလာနေ

တရုတ်အပေါ် ကမ္ဘာ့နိုင်ငံများ၏ အပြုသဘောအမြင်များ ကျဆင်းလာနေ

ဖွံ့ဖြိုးပြီးနိုင်ငံများအကြားတွင် တရုတ်၏ ရေပန်းစားမှု ကျဆင်းလာခြင်းကို မကြာသေးမီက ဖြစ်ပေါ်လာသည့် အခြေအနေများက ဖော်ပြနေသည်။

ပြီးခဲ့သည့် ၁၅နှစ်အတွင်း တရုတ်နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်င့များ၏ အပြုသဘော အမြင် များ ကျဆင်းလာနေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြနေသည်။

ထိုကဲ့သို့ ကျဆင်းမှုသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပိုမိုသိသာထင်ရှားသည်။

စစ်တမ်းအရ အမေရိကန်လူမျိုး ၄၅ ရာခိုင်နှုန်းကျော်က တရုတ်သည် အမေရိကန်၏ အကြီးမား ဆုံးရန်သူဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းရာခိုင်နှုန်းသည် ၂၀၂၀ပြည့်နှစ်ကထက် ၂ဆတိုးလာသည်ဟု Eurasian Times က ဖော်ပြခဲ့သည်။

Pew Research Center ၏ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတွင် တရုတ်အစိုးရသည် ပြည်သူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်များကို မလေးစားကြောင်း ယုံကြည်သည့် အဆင့်မြင့် စီးပွားရေး ၁၇ နိုင်ငံရှိကြောင်း Eurasian Times က ဖော်ပြခဲ့သည်။

စစ်တမ်းတွင် ဂျပန်၊ ဆွီဒင်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် သြစတြေးလျရှိ ပြည်သူအများစုက တရုတ်နှင့် ပတ်သက်၍ အဆိုးအမြင်များရှိလာကြသည်။

စိတ်ဝင်စားစရာမှာ၊ တရုတ်လေ့လာသုံးသပ်သူများက အဆိုပါစစ်တမ်းများ၊ လေ့လာမှုများနှင့် ထင်မြင် ယူဆချက်များကို လျစ်လျူရှုကာ ယင်းစစ်တမ်းများသည် အနောက်တိုင်း၏ 'ခရစ်ယာန်ယဉ်ကျေးမှုနှင့် မဆီလျော်သော အတွေးအခေါ်' ဟုခေါ်ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly