ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

နိုဝင်ဘာ ၂၃

ကရင်နီပြည်နယ် (ကယား)၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF-B09) တို့ ယနေ့၊ နိုဝင်ဘာလ ၂၃ ရက် နံနက် ၆ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကြောင်း KNDF-B09 က ထုတ်ပြန်သည်။

စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူမှုများလည်း ရှိခဲ့သည်ဟု KNDF B-09 က ဆိုသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွာရာ အနီးတဝိုက်သို့ ဖြတ်သန်းသွားလာခြင်း မပြုရန်လည်း KNDF-B09 ထပ်မံ သတိပေးထားသည်။

ယမန်နေ့ ၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ် ၊ စံပြ (၆)မိုင် နှင့် ဒေါပိုးစီ ကျေးရွာ တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required