ပုသိမ်မြို့၊ အမှတ် (၉၀၇) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအတွင်း ပေါက်ကွဲမှုဖြစ် ဟုဆို

ပုသိမ်မြို့၊ အမှတ် (၉၀၇) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအတွင်း ပေါက်ကွဲမှုဖြစ် ဟုဆို

နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ သရက်ကုန်းကျေးရွာအနီး အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းရှိ အမှတ်(၉၀၇) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတွင် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့် အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

"ပေါက်ကွဲတဲ့အသံက ဒီအနားပတ်လည်က ရွာတွေ အကုန်ကြားရတယ်။ တပ်ထဲမှာနေတဲ့သူတွေ ပြောတာတော့ တပ်ထဲက လက်နက်တွေနဲ့ ယမ်းတွေ သိုလှောင်တဲ့ အခန်းက ပေါက် ကွဲတာလို့ပြောတယ်။ စက်ယန္တရားတစ်ခု ပေါက်ကွဲတာလို့လည်း ပြောတယ်။ သေတော့ မသေချာသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အမှတ်(၉၀၇) စစ်မြေပြင်အင်ဂျင်နီယာတင်ရင်းအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ဟု သိရပြီး သေနတ်သံများလည်း ကြားနေရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းရှိ မီးသတ်ကားများအပြင် ပုသိမ်မြို့ပေါ်ရှိ မီးသတ်ကားများကပါ သွားရောက်မီးငြိမ်းသတ်နေသည်ဟု သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly