အိန္ဒိယလေကြောင်းလိုင်းသစ်က ဘိုးရင်းကုမ္ပဏီမှ 737 Max ဂျက်လေယာဉ်များ ဝယ်ယူမည်

By NDTV
22 November 2021
အိန္ဒိယလေကြောင်းလိုင်းသစ်က ဘိုးရင်းကုမ္ပဏီမှ 737 Max ဂျက်လေယာဉ်များ ဝယ်ယူမည်

အိန္ဒိယနိုင်ငံ၏ တန်ဖိုးနည်း လေကြောင်းလိုင်းသစ် Akasa Air က ဘိုးရင်းကုမ္ပဏီမှ 737 MAX ဂျက်လေယာဉ် ၇၀ မှ ၈၀ ခန့်ကို ဝယ်ယူရန် ရှိကြောင်း Bloomberg Newsက သတင်းဌာနက အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါ လေကြောင်းလိုင်းကို အိန္ဒိယဘီလျံနာသူဌေး ရာကက်ရှ်ဂျေဟွန်ဂျေဟွန်ဝါလာက ပိုင်ဆိုင်ပြီး ယခုကျင်းပနေသည့် ဒူဘိုင်း လေကြောင်းပြပွဲတွင် ကြေညာသွားမည်ဖြစ်သည်။

ဘိုးရင်းလေယာဉ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “မိမိတို့အနေဖြင့် အခွင့်အလမ်းများကို ရှာဖွေနေသလို လက်ရှိနှင့် နောင်တွင် ဖြစ်လာနိုင်သည့် ဝယ်ယူသူများအတွက် သူတို့ရဲ့ လေယာဉ်တွေ၊ ပြေးဆွဲမှုဆိုင်ရာ လိုအပ်ချက်တွေ အပေါ်မှာ ဘာတွေ အကောင်းဆုံး လုပ်ပေးနိုင်မယ်ဆိုတာ ဆွေးနွေးပါတယ်” ဟု ဖော်ပြထားသည်။

ယခုအစီအစဉ်အပေါ် Akasa Air သို့ မေးမြန်းခဲ့သော်လည်း မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။

အဆိုပါလေကြောင်းလိုင်းအနေဖြင့် အိန္ဒိယတွင် တန်ဖိုးအလွန်နည်းသည့် လေကြောင်းခရီးစဉ်များ ပြေးဆွဲခွင့်ပြုရန် အရပ်ဘက်လေကြောင်းဆိုင်ရာ ဝန်ကြီးဌာနက ပြီးခဲ့သည့် လအတွင်းက ခွင့်ပြုပေးခဲ့သည်။

ဘိုးရင်းကုမ္ပဏီ၏ ရောင်းအားအကောင်းဆုံး ဖြစ်သည့် 737 MAX ဂျက်လေယာဉ် များအား အိန္ဒိယတွင် ပျံသန်းခွင့်ကို အာဏာပိုင်များက ဩဂုတ်လအတွင်း ခွင့်ပြုပြီးနောက် Akasa Air လေကြောင်းလိုင်းက ယခုကဲ့သို့ ဝယ်မည့် သတင်းထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly