ဝီဂါများအပေါ်ရက်စက်ကြမ်းကြုတ်မှုအတွက် လန်ဒန်မြို့တရုတ်သံရုံး အပြင်ဘက်၌ ဆန္ဒပြအပေါ်ရက်စက်ကြမ်းကြုတ်မှုအတွက် လန်ဒန်မြို့တရုတ်သံရုံး အပြင်ဘက်၌ ဆန္ဒပြ

By Just Earth News
22 November 2021
ဝီဂါများအပေါ်ရက်စက်ကြမ်းကြုတ်မှုအတွက် လန်ဒန်မြို့တရုတ်သံရုံး အပြင်ဘက်၌ ဆန္ဒပြအပေါ်ရက်စက်ကြမ်းကြုတ်မှုအတွက် လန်ဒန်မြို့တရုတ်သံရုံး အပြင်ဘက်၌ ဆန္ဒပြ

ဝီဂါအသိုင်းအဝိုင်းအဖွဲ့ဝင်များအပေါ် တရုတ်၏ ပြုမူဆက်ဆံပုံကို ဆန့်ကျင်သည့်အနေဖြင့် လန်ဒန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်တွင် နိုဝင်ဘာ ၁၃ ရက်က ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒပြပွဲကို မွတ်စလင်အဖွဲ့အစည်း ၅၀ ကျော်၏ ပံ့ပိုးကူညီမှုဖြင့် ဗြိတိန်မွတ်စလင်များ၏ ပရောဂျက်တစ်ခုဖြစ်သည့် Islam21C မှ စီစဉ်ခြင်းဖြစ်ကြောင်း The New Arab က ဖော်ပြသည်။

ဆန္ဒပြသူများသည် ရှင်ကျန်းရှိ အစ္စလာမ်ဘာသာကိုးကွယ်သူများအပေါ် တရုတ်ဖြိုခွင်းမှုအတွင်း တရုတ်နိုင်ငံ၏ အကျဉ်းစခန်းများကို ပိတ်ပစ်ရန် တောင်းဆိုသည့် #Stand4Uyghurs ဟူသော hashtag ကို လူမှုမီဒီယာ၌ အသုံးပြုကာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ထိုအကျဉ်းစခန်းများ၌ မွတ်စလင် ၁ သန်းကျော်အား ထိန်းသိမ်းထားသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

“မွတ်စလင်အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့နဲ့ တရုတ်နိုင်ငံက အဖိနှိပ်ခံ မွတ်စလင်တွေအပေါ် ကျွန်တော်တို့ရဲ့ အစ္စလာမ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ဒီကိုရောက်လာတာပါ”ဟု ဆန္ဒပြသူ ရှာဘီဟာဆန်က The New Arab သို့ ပြောကြားခဲ့သည်။

“ဝီဂါတွေဆီ အကူအညီရောက်ဖို့နဲ့ တရုတ်အစိုးရရဲ့ လုပ်ဆောင်ပုံတွေပြောင်းလဲသွားအောင် သူတို့ကို ဖိအားပေးဖို့ ကမ္ဘာတဝှမ်းက မွတ်စလင်အစိုးရတွေဆီ သတင်းစကားပါးချင်ပါတယ်” ဟု ဟာဆန်က ပြောသည်။

ဝီဂါမွတ်စလင်များသည် အလယ်ပိုင်းနှင့် အရှေ့အာရှ ယေဘုယျဒေသနှင့် ယဉ်ကျေးမှုအရ ဆက်နွှယ် မြစ်ဖျားခံသည့် တာကစ်လူမျိုးစုတိုင်ရင်းသားအဖွဲ့ဖြစ်သည်။ တရုတ်နိုင်ငံက ၎င်းတို့၏လူ့အခွင့်အရေးများကို ဖိနှိပ်နေပြီး ပေကျင်းရှိ ကွန်မြူနစ်အစိုးရက ၎င်းတို့အား "ပြန်လည်ပညာပေးရေးစခန်းများ" သို့ ပို့ဆောင်နေကြောင်းကို သတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly